သောကြာသားသမီးများအတွက် ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပေါ်လာမယ့် ကံကြမ္မာနှင့် တစ်နှစ်စာဟောစာတမ်း
သောကြာသားသမီးများအတွက် ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပေါ်လာမယ့် ကံကြမ္မာနှင့် တစ်နှစ်စာဟောစာတမ်း
2023 ခုနှစ်အတွင်းသောကြာသားသမီးတွေကတော့
(၁)ယခုနှစ်တွင်မျှော်မှန်းထားသော ကိစ္စရပ်များနှောင့်နှေးနေပါဦးမယ်။ဒါ့အပြင် အစစအရာရာမှာ ဖြစ်ခြင်း၊ပျက်ခြင်းမြန်ဆန်တဲ့ သဘောအတိုင်းသွားမဲ့ကာလဖြစ်ပါတယ်။
အောင်မြင်ခြင်းဟာလည်း ခဏ၊ ကျဆုံးခြင်းဟာလည်း ခဏ ၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းးခြင်းကစ ဘာမဆို တစ်နှစ်အတွင်းမှာ တခဏသာကြုံရမဲ့ နှစ်ပါတယ်။ မမြဲပါ။ အပြောင်းအလဲ၊ဖြစ်ပျက်များမဲ့ နှစ်ပါ။
(၂)ငွေကြေးအမြတ်အစွန်းနည်းပါးပြီး ရသမျှနဲ့တင်းတိမ်ရမဲ့နှစ်ကာလဖြစ်ပါတယ်။
(၃)စကားမှားခြင်းနဲ့ စကားများခြင်းတို့ကြောင့် အခွင့်လန်းကောင်းများ လက်လွတ်နိုင်ပါတယ်။ စကားကြောင့် ပြဿနာတက်နိုင်တဲ့ နှစ်ကာလဖြစ်ပါတယ်။
(၄)ဖျော်ရည် ၊ ယမကာ ၊ ယာဉ်၊အစားအသောက်ကောင်း နဲ့ ဈေးကြီးသော အသုံးအဆောင်များးရောင်းဝယ်ခြင်းမှ အကျိုးအမြတ်ရနိုင်ပါတယ်။
(၅)ချစ်သူ၊အိမ်ထောင်ဘက်နဲ့ သဘောထားကွဲနေပါဦးမယ်။ အချစ်နဲ့အိမ်ထောင်ရေးမှာ ပျော်ရွှင်မှု ပျောက်ဆုံးတဲ့နှစ်လည်း ဖြစ်ပါတယ်။
(၆)အပြင်လူများရဲ့ နှောက်ယှက်မှုကြောင့် အိမ်တွင်းရေး၊ အိမ်ထောင်ရေး၊မိသားစုရေး အဆင်မပြေဖြစ်တတ်ပါတယ်။ မိသားစု နှင့် ပတ်သတ်၍ ဆန့်ကျင်ဘက်ဖြစ်နေတတ်ပါတယ်။တစ်ယောက်တည်းအထီးကျန်ဖြစ်နေတတ်ပါတယ်။
(၇)တနင်္ဂနွေ ၊ ကြာသပတေးသားသမီးတို့နှင့် အကျိုးတူလုပ်ငန်းအောင်မြင်နိုင်ပါတယ်။ကြာသပတေးကပိုပြီ းကောင်းကျိုးပေးပါလိမ့်မယ်။
(၈)သူတစ်ပါးအရေးကိစ္စများနဲ့ပတ်သက်ပြီး ကိုယ့်ကို မကောင်းပြောမဲ့သူ အပုတ်ချမဲ့သူ ပေါ်လာတတ်ပါတယ်။ မကောင်းသတင်းလွှင့်ခံရတတ်ပါတယ်။ အပြောအဆို ဆင်ခြင်ရမဲ့ ကာလဖြစ်ပါတယ်။
(၉) ငွေချေးငှားက ပြန်မရနိုင်တဲ့ နှစ်ဖြစ်ပါတယ်။ငွေကြေး လက်လွတ်ဆုံးရှုံးရနိုင်တဲ့အတွက် ဆုကြေးထည့်တာ၊ငွေချေးပေးတာကစ ဂရုစိုက်ရမဲ့ နှစ်ဖြစ်ပါတယ်။
(၁၀)ဘာသာရေးနဲ့ ပညာရေးမှာ ထူးချွန်ထက်မြက်ပြီး မျှော်လင့်သော ပန်းတိုင်ရောက်ရှိနိုင်ပါတယ်။
(၁၁) ကျန်းမာရေးတွင် အရေပြား နှင့် ပတ်သတ်သော ရောဂါဝေဒနာ များ၊ သွေးနဲ့ပတ်သက်သော ဝေဒနာများ၊ မတော်တဆထိခိုက်ဒဏ်ရာရခြင်းများ၊ နှလုံး၊အဆုတ်နဲ့ပတ်သက်သောဝေဒနာများပေါ်တတ်ပါတယ်။
ယတြာအနေနဲ့ကတော့
နေ့စဉ် သမ္ဗုဒ္ဓေဂါထာကို ပုတီး ၁ ပတ် စိတ်ပြီး ပူဇော်ပေးပါ။ ပြီးလျှင် သစ္စာဆိုပြီး လိုရာဆုတောင်းပါ။
သောကြာသားသမီးတွေထဲက အသက် ၂၂၊ ၂၈၊၃၅၊၃၈ ၄၃၊၄၇၊ ၅၁၊၆၈၊၇၈တို့ကတော့ ဂရုစိုက်ရပါမယ်။
ထိုသက်ရောက်များက (၁)ကျန်းမာရေးရုတ်တရက်ကျဆင်းထိခိုက်နိုင်ပါတယ်။ ဆေးရုံ၊ဆေးခန်း မကြာခဏရောက်တတ်ပါမယ်။ မတော်တဆဘေးအန္တရာယ်ကြုံရတတ်ပြီး သွေးထွက်လွန်တတ်ပါတယ်။
(၂)ယာဉ်မတော်တဆမှု ကြုံနိုင်ပါတယ်။ဘုန်းကံနိမ့်လျှင် အသက်ဘေး ကြုံရတတ်ပါတယ်။
(၃)အမှုအခင်းကြုံရခြင်း၊ အရှက်တကွဲ ဖြစ်ခြင်းနဲ့ ဖမ်းဆီးစစ်ဆေးခံရခြင်းများကြုံရတတ်ပါတယ်။
(၄)စီးပွားရေးထိခိုက်ပြီး ပိုင်ဆိုင်မှုများလျော့ပါးပျောက်ဆုံးသွားရတတ်ပါတယ်။
(၅)မိသားစုဝင်များကို ဆုံးရှုံးရခြင်း၊ အိမ်ထောင် ကွဲခြင်း၊ သားသမီးပျောက်ခြင်း၊ လူမှုရေးပြဿနာများကြုံရခြင်းများကြုံရတတ်ပါတယ်။
အထူးပြုလုပ်ရန်
– (၁)မွေးနေ့တိုင်း ပိတောက်ညွှန့် ၂၉ ညွှန့်ကို နံနက် ၉ နာရီ ကနေ နံနက် ၁၀နာရီ ၃၀ နာရီအတွင်း အိမ်က ဘုရားမှာလှူပေးပါ။ပြီးလျှင် မေတ္တာသုတ်ကို ၆ ခေါက်ပူဇော်ပြီး အမျှေ၀ ပေးပါ။ အပတ်စဉ် ထိုယတြာကို ပြုပေးပါ။ စွန့်လျှင် အိမ်ရှေ့မှာပဲ စွန့်ပစ်ပါ။
– (၂)ပရိတ်ကြီး ၁၁ သုတ်ကိုနေ့စဉ်ပူဇော်ပေးပါ။ ပြီးလျှင် အမျှဝေပေးပါ။
– (၃)မွေးနေ့တိုင်းဘုန်းတော်ကြီကျောင်းတွေကို သန့်ရှင်းရေးပြုလုပ်ပေးပါ။ တစ်ပတ်တစ်ကြိမ် အပတ်စဉ် ပြုလုပ်ပေးပါ။
ကျန်နေ့သားတွေကိုလည်း ဆက်ဟောပေးပါ့မယ်နော်။
မေတ္တာဖြင့် ဆရာမ မေသင်္ကြန်ဟိန်း
zawgyi
ေသာၾကာသားသမီးမ်ားအတြက္ ၂၀၂၃ ခုႏွစ္အတြင္း ျဖစ္ေပၚလာမယ့္ ကံၾကမၼာႏွင့္ တစ္ႏွစ္စာေဟာစာတမ္း
2023 ခုႏွစ္အတြင္းေသာၾကာသားသမီးေတြကေတာ့
(၁)ယခုႏွစ္တြင္ေမွ်ာ္မွန္းထားေသာ ကိစၥရပ္မ်ားေႏွာင့္ေႏွးေနပါဦးမယ္။ဒါ့အျပင္ အစစအရာရာမွာ ျဖစ္ျခင္း၊ပ်က္ျခင္းျမန္ဆန္တဲ့ သေဘာအတိုင္းသြားမဲ့ကာလျဖစ္ပါတယ္။
ေအာင္ျမင္ျခင္းဟာလည္း ခဏ၊ က်ဆုံးျခင္းဟာလည္း ခဏ ၊ ေပ်ာ္႐ႊင္ျခင္း၊ ဝမ္းနည္းးျခင္းကစ ဘာမဆို တစ္ႏွစ္အတြင္းမွာ တခဏသာႀကဳံရမဲ့ ႏွစ္ပါတယ္။ မၿမဲပါ။ အေျပာင္းအလဲ၊ျဖစ္ပ်က္မ်ားမဲ့ ႏွစ္ပါ။
(၂)ေငြေၾကးအျမတ္အစြန္းနည္းပါးၿပီး ရသမွ်နဲ႔တင္းတိမ္ရမဲ့ႏွစ္ကာလျဖစ္ပါတယ္။
(၃)စကားမွားျခင္းနဲ႔ စကားမ်ားျခင္းတို႔ေၾကာင့္ အခြင့္လန္းေကာင္းမ်ား လက္လြတ္ႏိုင္ပါတယ္။ စကားေၾကာင့္ ျပႆနာတက္ႏိုင္တဲ့ ႏွစ္ကာလျဖစ္ပါတယ္။
(၄)ေဖ်ာ္ရည္ ၊ ယမကာ ၊ ယာဥ္၊အစားအေသာက္ေကာင္း နဲ႔ ေဈးႀကီးေသာ အသုံးအေဆာင္မ်ားးေရာင္းဝယ္ျခင္းမွ အက်ိဳးအျမတ္ရႏိုင္ပါတယ္။
(၅)ခ်စ္သူ၊အိမ္ေထာင္ဘက္နဲ႔ သေဘာထားကြဲေနပါဦးမယ္။ အခ်စ္နဲ႔အိမ္ေထာင္ေရးမွာ ေပ်ာ္႐ႊင္မႈ ေပ်ာက္ဆုံးတဲ့ႏွစ္လည္း ျဖစ္ပါတယ္။
(၆)အျပင္လူမ်ားရဲ႕ ေႏွာက္ယွက္မႈေၾကာင့္ အိမ္တြင္းေရး၊ အိမ္ေထာင္ေရး၊မိသားစုေရး အဆင္မေျပျဖစ္တတ္ပါတယ္။ မိသားစု ႏွင့္ ပတ္သတ္၍ ဆန႔္က်င္ဘက္ျဖစ္ေနတတ္ပါတယ္။တစ္ေယာက္တည္းအထီးက်န္ျဖစ္ေနတတ္ပါတယ္။
(၇)တနဂၤေႏြ ၊ ၾကာသပေတးသားသမီးတို႔ႏွင့္ အက်ိဳးတူလုပ္ငန္းေအာင္ျမင္ႏိုင္ပါတယ္။ၾကာသပေတးကပိုၿပီ းေကာင္းက်ိဳးေပးပါလိမ့္မယ္။
(၈)သူတစ္ပါးအေရးကိစၥမ်ားနဲ႔ပတ္သက္ၿပီး ကိုယ့္ကို မေကာင္းေျပာမဲ့သူ အပုတ္ခ်မဲ့သူ ေပၚလာတတ္ပါတယ္။ မေကာင္းသတင္းလႊင့္ခံရတတ္ပါတယ္။ အေျပာအဆို ဆင္ျခင္ရမဲ့ ကာလျဖစ္ပါတယ္။
(၉) ေငြေခ်းငွားက ျပန္မရႏိုင္တဲ့ ႏွစ္ျဖစ္ပါတယ္။ေငြေၾကး လက္လြတ္ဆုံးရႈံးရႏိုင္တဲ့အတြက္ ဆုေၾကးထည့္တာ၊ေငြေခ်းေပးတာကစ ဂ႐ုစိုက္ရမဲ့ ႏွစ္ျဖစ္ပါတယ္။
(၁၀)ဘာသာေရးနဲ႔ ပညာေရးမွာ ထူးခြၽန္ထက္ျမက္ၿပီး ေမွ်ာ္လင့္ေသာ ပန္းတိုင္ေရာက္ရွိႏိုင္ပါတယ္။
(၁၁) က်န္းမာေရးတြင္ အေရျပား ႏွင့္ ပတ္သတ္ေသာ ေရာဂါေဝဒနာ မ်ား၊ ေသြးနဲ႔ပတ္သက္ေသာ ေဝဒနာမ်ား၊ မေတာ္တဆထိခိုက္ဒဏ္ရာရျခင္းမ်ား၊ ႏွလုံး၊အဆုတ္နဲ႔ပတ္သက္ေသာေဝဒနာမ်ားေပၚတတ္ပါတယ္။
ယၾတာအေနနဲ႔ကေတာ့
ေန႔စဥ္ သမၺဳေဒၶဂါထာကို ပုတီး ၁ ပတ္ စိတ္ၿပီး ပူေဇာ္ေပးပါ။ ၿပီးလွ်င္ သစၥာဆိုၿပီး လိုရာဆုေတာင္းပါ။
ေသာၾကာသားသမီးေတြထဲက အသက္ ၂၂၊ ၂၈၊၃၅၊၃၈ ၄၃၊၄၇၊ ၅၁၊၆၈၊၇၈တို႔ကေတာ့ ဂ႐ုစိုက္ရပါမယ္။
ထိုသက္ေရာက္မ်ားက (၁)က်န္းမာေရး႐ုတ္တရက္က်ဆင္းထိခိုက္ႏိုင္ပါတယ္။ ေဆး႐ုံ၊ေဆးခန္း မၾကာခဏေရာက္တတ္ပါမယ္။ မေတာ္တဆေဘးအႏၲရာယ္ႀကဳံရတတ္ၿပီး ေသြးထြက္လြန္တတ္ပါတယ္။
(၂)ယာဥ္မေတာ္တဆမႈ ႀကဳံႏိုင္ပါတယ္။ဘုန္းကံနိမ့္လွ်င္ အသက္ေဘး ႀကဳံရတတ္ပါတယ္။
(၃)အမႈအခင္းႀကဳံရျခင္း၊ အရွက္တကြဲ ျဖစ္ျခင္းနဲ႔ ဖမ္းဆီးစစ္ေဆးခံရျခင္းမ်ားႀကဳံရတတ္ပါတယ္။
(၄)စီးပြားေရးထိခိုက္ၿပီး ပိုင္ဆိုင္မႈမ်ားေလ်ာ့ပါးေပ်ာက္ဆုံးသြားရတတ္ပါတယ္။
(၅)မိသားစုဝင္မ်ားကို ဆုံးရႈံးရျခင္း၊ အိမ္ေထာင္ ကြဲျခင္း၊ သားသမီးေပ်ာက္ျခင္း၊ လူမႈေရးျပႆနာမ်ားႀကဳံရျခင္းမ်ားႀကဳံရတတ္ပါတယ္။
အထူးျပဳလုပ္ရန္
– (၁)ေမြးေန႔တိုင္း ပိေတာက္ၫႊန႔္ ၂၉ ၫႊန႔္ကို နံနက္ ၉ နာရီ ကေန နံနက္ ၁၀နာရီ ၃၀ နာရီအတြင္း အိမ္က ဘုရားမွာလႉေပးပါ။ၿပီးလွ်င္ ေမတၱာသုတ္ကို ၆ ေခါက္ပူေဇာ္ၿပီး အေမွ်၀ ေပးပါ။ အပတ္စဥ္ ထိုယၾတာကို ျပဳေပးပါ။ စြန႔္လွ်င္ အိမ္ေရွ႕မွာပဲ စြန႔္ပစ္ပါ။
– (၂)ပရိတ္ႀကီး ၁၁ သုတ္ကိုေန႔စဥ္ပူေဇာ္ေပးပါ။ ၿပီးလွ်င္ အမွ်ေဝေပးပါ။
– (၃)ေမြးေန႔တိုင္းဘုန္းေတာ္ႀကီေက်ာင္းေတြကို သန႔္ရွင္းေရးျပဳလုပ္ေပးပါ။ တစ္ပတ္တစ္ႀကိမ္ အပတ္စဥ္ ျပဳလုပ္ေပးပါ။
က်န္ေန႔သားေတြကိုလည္း ဆက္ေဟာေပးပါ့မယ္ေနာ္။
ေမတၱာျဖင့္ ဆရာမ ေမသၾကၤန္ဟိန္း