အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် မိုင်းဖုန်းဆရာတော်ကြီးဆီက ငြိမ်းချမ်းရေးအတွက် အားကိုး မျှော်လင့်ခဲ့

အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် မိုင်းဖုန်းဆရာတော်ကြီးဆီက ငြိမ်းချမ်းရေးအတွက် အားကိုး မျှော်လင့်ခဲ့

အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် မိုင်းဖုန်းဆရာတော်ကြီးဆီက ငြိမ်းချမ်းရေးအတွက် အားကိုး မျှော်လင့်ခဲ့

အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် မိုင်းဖုန်းဆရာတော်ကြီးဆီက ငြိမ်းချမ်းရေးအတွက် အားကိုး မျှော်လင့်ခဲ့

ဩဂုတ်လ ၇ ရက်နေ့။

ခူးဝါးဝုင်းဆုမ့် လို့ ရှမ်းတွေခေါ်ကြတဲ့ မိုင်းဖုန်းဆရာတော် နဲ့ ပတ်သက်လို့ ထူးခြားချက်တွေကို လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်လောက်ကတည်းက ကိုယ်တိုင်ကြုံတွေ့ ဖူးသူတွေ ရှိတယ်လို့ သိရပါတယ်။

အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ ပင့်ဖိတ်ချက်အရ ၂၀၁၆ က နေပြည်တော်ကိုကြွခဲ့တဲ့ ဆရာတော်ဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နေအိမ်ကိုလည်း အဲဒီခရီးစဉ်အတွင်းမှာ ကြွရောက်ခဲ့သူပါ။

ပြည်သူ့ခေါင်း‌‌ဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တော့ ဆရာတော် အခြေစိုက်တဲ့ ရှမ်းပြည်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေလည်း များတဲ့အပြင် ရှမ်းပြည်က အဖွဲ့အများစုက အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ် မထိုးသေးတဲ့ အပေါ် ဆရာတော်အနေနဲ့ တိုက်တွန်းပေးဖို့ဆိုတဲ့ ကိစ္စ တင်လျှောက်ခဲ့တယ်လို့ ရှမ်းအသိုင်းအဝိုင်းထဲမှာလည်း သတင်းတွေပျံ့ခဲ့ပါတယ်။ အဲဒီတုန်းက ဆရာတော်ကတော့ ဘာမှ ပြန်မပြောခဲ့ဘူးလို့ ဆိုပါတယ်။

ဆရာတော်ကို ကြည်ညိုတဲ့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့က တာဝန်ရှိသူတဦးကတော့ ‘ ဆရာတော် အနေနဲ့ မအောင်မြင်နိုင်မှန်း ကြိုမြင်လို့ ဝင်မပါတာလည်း ဖြစ်နိုင်ခြေ ရှိတယ် ‘ လို့ မှတ်ချက်ပြုပါတယ်။

ငြိမ်းချမ်းရေး ဆရာတော်တပါးဖြစ်တဲ့ ကချင်ပြည်နယ်က ဝါရှောင်ဆရာတော်ကတော့’ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး လုပ်ရင် ဖြစ်နိုင်တဲ့ ဆရာတော်တွေထဲမှာ မိုင်းဖုန်းဆရာတော်ပါတယ်လို့ သူ့အမြင်ကို မိန့်ပါတယ်။

‘ မိုင်းဖုန်းဆရာတော်ကို အသိုင်းအဝိုင်းအားလုံးက ကိုးကွယ်ချစ်ခင်လေးစားတယ်။ ဒါပေမယ့် အပစ်ရပ်ရေး ငြိမ်းချမ်းရေးဆိုတဲ့ ကိစ္စက တိုင်းရင်းသားလက်နက်ကိုင်တွေ တဘက်ထဲကိုပဲ ပြောလို့လည်း ပြီးတဲ့ ကိစ္စမဟုတ်ပါဘူး။

စစ်တပ်ကိုပြောနိုင်သူဆိုတော့ မိုင်းဖုန်းဆရာတော်ကိုလည်း စစ်တပ်က ခေါင်းဆောင်တွေက ကိုးကွယ်တော့ စစ်တပ်ကို ပြောရင် ဖြစ်နိုင်ခြေရှိနိုင်တာကို ဆိုလိုတာပါ ‘လို့ မိန့်ပါတယ်။

သူကြွရောက်ခဲ့တဲ့ ဒေသတွေကိုကြည့်ရင် တပြည်နယ်ထဲမှာ ပြည်နယ်ရရှိရေးတောင်းဆိုသူတွေနဲ့ အဲဒီတောင်းဆိုမှုတွေကို သိပ်မကြိုက်တဲ့ မျိုးနွယ်စုတွေရဲ့ နယ်မြေတွေပါသလို တချို့အဖွဲ့တွေဆိုရင် မတူညီတဲ့ မျိုးနွယ်စု အခြေပြု လက်နက်ကိုင်အဖွဲ့ အချင်းချင်း တိုက်ခိုက်ဖူးတဲ့ သမိုင်းသာဓကတွေလည်း ရှိနေတဲ့ နယ်မြေတွေကိုလည်း သွားရောက်ခဲ့တာဖြစ်ပါတယ်။ ဒါတောင် ဆရာတော်ကိုယ်တိုင်က ရှမ်းတိုင်းရင်းသား ဖြစ်နေတာပါ။

‘ဆရာတော်က အမျက်ဒေါသ အညှိုးအတေးမထားတတ်ဘူး။ အခုအချိန်က စစ်ခေါင်းဆောင်ဟောင်း ဒကာ ဦးမောင်အေးက ရောဂါဝေဒနာလည်း ဖိစီးနေချိန်ဆိုတော့ အားပေးတဲ့အနေနဲ့ ကြွရောက်တာပါ။

မိုင်းဖုန်းကနေ စစ်အစိုးရလက်ထက် ဖိအားပေးခံရလို့ ဆရာတော်ဘုရား ထွက်ခွာသွားတုန်းကလည်း သူက ဝတ္တရားအနေနဲ့ ထွက်ခွာတာလို့ပဲ မိုင်းဖုန်းဆရာတော်က မိန့်ဖူးတယ် ‘လို့ ဦးဉာဏသီရိက ပြောပါတယ်။

ဘုန်းဘုန်းလည်း တအားအံ့ဩသွားတယ်၊ ခုနက မိန့်တဲ့ စကားအခုချက်ချင်းပဲ မှန်နေပါလားဆိုပြီးတော့ပါ။ တော်တော်လေးထူးဆန်းတာပေါ့၊ ဒီလိုထူးခြားချက်တွေရှိတဲ့ တခြားကိစ္စတွေတော့ အများကြီးရှိပါတယ် လို့ ဦးဉာဏသီရိက ပြောပါတယ်။

ထိုင်းနိုင်ငံက ဂူအတွင်း ပိတ်မိနေတဲ့ ကလေးတွေ လွတ်မြောက်ရေးအတွက် မိုင်းဖုန်းဆရာတော်က ဆုတောင်းမေတ္တာပေးခဲ့မှုနဲ့ ၂ ရက် ၃ ရက်လောက်နေရင်ပြန်တွေ့မယ်၊ အသက်ရှင်လျက် ရှိနေတယ် လို့ ဆရာတော်က မီဒီယာတွေကို မိန့်ကြားခဲ့မှု ကိစ္စတွေကတော့ လူမှုကွန်ယက်တွေအပြင် သတင်းမီဒီယာစာမျက်နှာသာမက လူပြောများတဲ့ အကြောင်းအရာတခုလည်း ဖြစ်နေခဲ့တာပါ။

ဘုန်းဘုန်းက ဆရာတော် ပြောထားပြီးဖြစ်လို့ ရှင်လျက်နဲ့ ပြန်တွေ့ရမယ်ဆိုတာ အစောကတည်းက ယုံကြည်ထားတယ် လို့လည်း ဦးဉာဏသီရိက ပြောပါတယ်။

ခူးဝါးဝုင်းဆုမ့်လို့ ခေါ်တွင်တဲ့ မိုင်းဖုန်းဆရာတော်ဘုရားဟာ အသက် ၁၁ နှစ်အရွယ်မှာ သာသနာ့ဘောင်ကို ဝင်ခဲ့ပြီး ယခု သက်တော် ၅၅ နှစ် ရှိနေပြီဖြစ်ပါတယ်။

တာချီလိတ်မြို့နယ် မိုင်းဖုန်းဇာတိဖြစ်ပါတယ်။ ဝါတွင်းဆိုရင် ဂူထဲမှာပဲ ဝါဝင်လေ့ရှိတဲ့ ဆရာတော်ပါ။

အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္ မိုင္းဖုန္းဆရာေတာ္ႀကီးဆီက ၿငိမ္းခ်မ္းေရးအတြက္ အားကိုး ေမွ်ာ္လင့္ခဲ့

အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္ မိုင္းဖုန္းဆရာေတာ္ႀကီးဆီက ၿငိမ္းခ်မ္းေရးအတြက္ အားကိုး ေမွ်ာ္လင့္ခဲ့

ဩဂုတ္လ ၇ ရက္ေန႔။

ခူးဝါးဝုင္းဆုမ့္ လို႔ ရွမ္းေတြေခၚၾကတဲ့ မိုင္းဖုန္းဆရာေတာ္ နဲ႔ ပတ္သက္လို႔ ထူးျခားခ်က္ေတြကို လြန္ခဲ့တဲ့ ၂၅ ႏွစ္ေက်ာ္ေလာက္ကတည္းက ကိုယ္တိုင္ႀကဳံေတြ႕ ဖူးသူေတြ ရွိတယ္လို႔ သိရပါတယ္။

အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ပင့္ဖိတ္ခ်က္အရ ၂၀၁၆ က ေနျပည္ေတာ္ကိုႂကြခဲ့တဲ့ ဆရာေတာ္ဟာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ေနအိမ္ကိုလည္း အဲဒီခရီးစဥ္အတြင္းမွာ ႂကြေရာက္ခဲ့သူပါ။

ျပည္သူ႔ေခါင္း‌‌ေဆာင္ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ေတာ့ ဆရာေတာ္ အေျခစိုက္တဲ့ ရွမ္းျပည္မွာ လက္နက္ကိုင္တပ္ဖြဲ႕ေတြလည္း မ်ားတဲ့အျပင္ ရွမ္းျပည္က အဖြဲ႕အမ်ားစုက အန္စီေအ ႏိုင္ငံလုံးဆိုင္ရာ အပစ္ရပ္စာခ်ဳပ္ လက္မွတ္ မထိုးေသးတဲ့ အေပၚ ဆရာေတာ္အေနနဲ႔ တိုက္တြန္းေပးဖို႔ဆိုတဲ့ ကိစၥ တင္ေလွ်ာက္ခဲ့တယ္လို႔ ရွမ္းအသိုင္းအဝိုင္းထဲမွာလည္း သတင္းေတြပ်ံ႕ခဲ့ပါတယ္။ အဲဒီတုန္းက ဆရာေတာ္ကေတာ့ ဘာမွ ျပန္မေျပာခဲ့ဘူးလို႔ ဆိုပါတယ္။

ဆရာေတာ္ကို ၾကည္ညိဳတဲ့ ရွမ္းလက္နက္ကိုင္တပ္ဖြဲ႕က တာဝန္ရွိသူတဦးကေတာ့ ‘ ဆရာေတာ္ အေနနဲ႔ မေအာင္ျမင္ႏိုင္မွန္း ႀကိဳျမင္လို႔ ဝင္မပါတာလည္း ျဖစ္ႏိုင္ေျခ ရွိတယ္ ‘ လို႔ မွတ္ခ်က္ျပဳပါတယ္။

ၿငိမ္းခ်မ္းေရး ဆရာေတာ္တပါးျဖစ္တဲ့ ကခ်င္ျပည္နယ္က ဝါေရွာင္ဆရာေတာ္ကေတာ့’ ျမန္မာႏိုင္ငံမွာ ၿငိမ္းခ်မ္းေရး လုပ္ရင္ ျဖစ္ႏိုင္တဲ့ ဆရာေတာ္ေတြထဲမွာ မိုင္းဖုန္းဆရာေတာ္ပါတယ္လို႔ သူ႔အျမင္ကို မိန႔္ပါတယ္။

‘ မိုင္းဖုန္းဆရာေတာ္ကို အသိုင္းအဝိုင္းအားလုံးက ကိုးကြယ္ခ်စ္ခင္ေလးစားတယ္။ ဒါေပမယ့္ အပစ္ရပ္ေရး ၿငိမ္းခ်မ္းေရးဆိုတဲ့ ကိစၥက တိုင္းရင္းသားလက္နက္ကိုင္ေတြ တဘက္ထဲကိုပဲ ေျပာလို႔လည္း ၿပီးတဲ့ ကိစၥမဟုတ္ပါဘူး။

စစ္တပ္ကိုေျပာႏိုင္သူဆိုေတာ့ မိုင္းဖုန္းဆရာေတာ္ကိုလည္း စစ္တပ္က ေခါင္းေဆာင္ေတြက ကိုးကြယ္ေတာ့ စစ္တပ္ကို ေျပာရင္ ျဖစ္ႏိုင္ေျခရွိႏိုင္တာကို ဆိုလိုတာပါ ‘လို႔ မိန႔္ပါတယ္။

သူႂကြေရာက္ခဲ့တဲ့ ေဒသေတြကိုၾကည့္ရင္ တျပည္နယ္ထဲမွာ ျပည္နယ္ရရွိေရးေတာင္းဆိုသူေတြနဲ႔ အဲဒီေတာင္းဆိုမႈေတြကို သိပ္မႀကိဳက္တဲ့ မ်ိဳးႏြယ္စုေတြရဲ႕ နယ္ေျမေတြပါသလို တခ်ိဳ႕အဖြဲ႕ေတြဆိုရင္ မတူညီတဲ့ မ်ိဳးႏြယ္စု အေျချပဳ လက္နက္ကိုင္အဖြဲ႕ အခ်င္းခ်င္း တိုက္ခိုက္ဖူးတဲ့ သမိုင္းသာဓကေတြလည္း ရွိေနတဲ့ နယ္ေျမေတြကိုလည္း သြားေရာက္ခဲ့တာျဖစ္ပါတယ္။ ဒါေတာင္ ဆရာေတာ္ကိုယ္တိုင္က ရွမ္းတိုင္းရင္းသား ျဖစ္ေနတာပါ။

‘ဆရာေတာ္က အမ်က္ေဒါသ အညႇိဳးအေတးမထားတတ္ဘူး။ အခုအခ်ိန္က စစ္ေခါင္းေဆာင္ေဟာင္း ဒကာ ဦးေမာင္ေအးက ေရာဂါေဝဒနာလည္း ဖိစီးေနခ်ိန္ဆိုေတာ့ အားေပးတဲ့အေနနဲ႔ ႂကြေရာက္တာပါ။

မိုင္းဖုန္းကေန စစ္အစိုးရလက္ထက္ ဖိအားေပးခံရလို႔ ဆရာေတာ္ဘုရား ထြက္ခြာသြားတုန္းကလည္း သူက ဝတၱရားအေနနဲ႔ ထြက္ခြာတာလို႔ပဲ မိုင္းဖုန္းဆရာေတာ္က မိန႔္ဖူးတယ္ ‘လို႔ ဦးဉာဏသီရိက ေျပာပါတယ္။

ဘုန္းဘုန္းလည္း တအားအံ့ဩသြားတယ္၊ ခုနက မိန႔္တဲ့ စကားအခုခ်က္ခ်င္းပဲ မွန္ေနပါလားဆိုၿပီးေတာ့ပါ။ ေတာ္ေတာ္ေလးထူးဆန္းတာေပါ့၊ ဒီလိုထူးျခားခ်က္ေတြရွိတဲ့ တျခားကိစၥေတြေတာ့ အမ်ားႀကီးရွိပါတယ္ လို႔ ဦးဉာဏသီရိက ေျပာပါတယ္။

ထိုင္းႏိုင္ငံက ဂူအတြင္း ပိတ္မိေနတဲ့ ကေလးေတြ လြတ္ေျမာက္ေရးအတြက္ မိုင္းဖုန္းဆရာေတာ္က ဆုေတာင္းေမတၱာေပးခဲ့မႈနဲ႔ ၂ ရက္ ၃ ရက္ေလာက္ေနရင္ျပန္ေတြ႕မယ္၊ အသက္ရွင္လ်က္ ရွိေနတယ္ လို႔ ဆရာေတာ္က မီဒီယာေတြကို မိန႔္ၾကားခဲ့မႈ ကိစၥေတြကေတာ့ လူမႈကြန္ယက္ေတြအျပင္ သတင္းမီဒီယာစာမ်က္ႏွာသာမက လူေျပာမ်ားတဲ့ အေၾကာင္းအရာတခုလည္း ျဖစ္ေနခဲ့တာပါ။

ဘုန္းဘုန္းက ဆရာေတာ္ ေျပာထားၿပီးျဖစ္လို႔ ရွင္လ်က္နဲ႔ ျပန္ေတြ႕ရမယ္ဆိုတာ အေစာကတည္းက ယုံၾကည္ထားတယ္ လို႔လည္း ဦးဉာဏသီရိက ေျပာပါတယ္။

ခူးဝါးဝုင္းဆုမ့္လို႔ ေခၚတြင္တဲ့ မိုင္းဖုန္းဆရာေတာ္ဘုရားဟာ အသက္ ၁၁ ႏွစ္အ႐ြယ္မွာ သာသနာ့ေဘာင္ကို ဝင္ခဲ့ၿပီး ယခု သက္ေတာ္ ၅၅ ႏွစ္ ရွိေနၿပီျဖစ္ပါတယ္။

တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းဖုန္းဇာတိျဖစ္ပါတယ္။ ဝါတြင္းဆိုရင္ ဂူထဲမွာပဲ ဝါဝင္ေလ့ရွိတဲ့ ဆရာေတာ္ပါ။

Leave a Reply

Your email address will not be published.