အဘိုးကြီးက ကျွေးသလောက်ငတ်တယ်တဲ့(ဒီလိုသားသမီးဆိုးနဲ့ မတွေ့ဆုံ ကြပါစေနဲ့)

ဘဝမှာ အရှက်ရဆုံးနေ့ကိုပြောပါဆိုရင် ဒီနေ့လို့ပြောရမယ် “အဘိုးကြီးက ကျွေးသလောက်ငတ်တယ်” တဲ့
မနက်စောစောဆိုရင် ကျုပ်ကဆာပြီ။ ဟိုတုန်းကတော့ ဘဏ်ကိုသွားနိုင်တော့ ပင်စင်လေးကို ကိုယ်တိုင်ထုတ်၊ ပိုက်ဆံလေးကိုင်ပြီး စားချင်တာ ဝယ်စားနိုင်သေးတယ်။ ခုတော့ လမ်းမလျှောက်နိုင်တော့တာ ၂ နှစ်ကျော်သွားပြီ။ ချော်လဲပြီးကတည်းက မထနိုင်တော့တာခုထိပါပဲ။
မိုးလင်းရင် ဗိုက်ဆာတယ်။ ဆန်ပြုတ်လေးဖြစ်ဖြစ် သောက်ချင်တယ်။ ပျော့တာလေးတွေပဲ စားချင်တယ်။ ဒါပေမဲ့ သူတို့ကျွေးတာ စားရမယ်။ ချေးများနေလို့မရဘူးလေ။ ကိုယ်က ရှာနိုင်ဖွေနိုင်တော့တာမှမဟုတ်တာ။
“အဖေ … ရော့ဒီမှာ … စား”ဘာလဲလို့ကြည့်လိုက်တယ်။ မုန့်ဟင်းခါးပဲ။ ပဲကြော်နဲ့ ဘယ်လိုလုပ်ပြီး ဝါးနိုင်မှာလဲ။ မုန့်ဟင်းခါးက အခန့်မသင့်ရင် ဝမ်းသွားမယ်။ အိမ်သာကို ဖင်ဒယဉ့်တိုက်နဲ့ သွားရတဲ့ဒုက္ခက သေးတာမဟုတ်ဘူး။ ဆီးအိုးကိုတောင် ဆောင့်အောင့်နေကြတာ။
“အဖေ ဘာလို့ မစားတာလဲ”“အဖေ ဗိုက်မဆာလို့ပါကွာ”“အဲဒါဆိုလည်း စောစောကပြောပေါ့။ ခုတော့ အေးစက်နေပြီ”သားဖြစ်သူက ဆောင့်အောင့်ပြီး ပန်းကန်ကို ပြန်သိမ်းသွားတယ်။ ချွေးမက“ကျွန်မ မပြောဘူးလား … ရှင့်အဖေက …”
ကျုပ်မကြားချင်ယောင်ဆောင်လိုက်ပါတယ်
အသက်ကြီးလာမှ နားပင်းချင်ယောင် ဆောင်နေရတာလည်း အခါခါပေါ့။ သားက အလုပ်သွားတော့ ချွေးမကို “သမီးရေ အဖေ ထမင်းဆာတယ်”“ဒါထမင်းချိန်လား…အလိုက်ကမ်းဆိုးကို မသိဘူး … ဒီမှာ ဈေးတောင်သွားရသေးတာမဟုတ်ဘူး”
ဘာဖြစ်ဖြစ်ပါလေ သူတို့ကျွေးမှ စားနေရတဲ့ဘဝဆိုတော့ မျိုသိပ်လိုက်ရတာပဲ။ မြေးလေးက အိမ်ပေါ်ကို ပြေးတက်လာတယ်။“ဘိုးဘိုးကြီး သကြားလုံးစားမလား”“အေး … စားမယ်”
“ရော့”မြေးလေးက ကျုပ်ကို တုတ်ထိုးသကြားလုံးလေးပေးတယ်။ ကျုပ်ကလည်း ဆာဆာနဲ့ မြေးလေးဆီက သကြားလုံးလေးကိုယူပြီး စုပ်လိုက်တယ်။
“ချိုလား ဘိုးဘိုး”“အေး ချိုတယ်”“ကောင်းလား”“အေး … ကောင်းတယ်”“ကောင်းရင် ဝယ်ကျွေးဦးမယ်” ကျုပ်ကသကြားလုံးလေးကို စုပ်လိုက်ပြီး“ရော့ မြေးလေး စား”
အဲဒီအချိန်မှာ ချွေးမက“ဟဲ့ … နင်မို့လို့ မရွံ့မရှာ”ကလေးလက်ထဲက သကြားလုံးကို ပုတ်ထုတ်လိုက်တယ်။“အဖေ … အဖေ့ပါးစပ်နဲ့ စုပ်ပြီးသားကို ဘာဖြစ်လို့ ကလေးကို ပေးရတာလဲ … အဖေက အတော်လေး ငတ်တာပဲ။ ကလေးဆီကတောင်မရှောင်။ ကျွေးသလောက်ငတ်တယ်”
ကျုပ်ဘဝတစ်လျှောက်လုံး သားတွေ သမီးတွေကို ကုန်းရုန်းပြီး ရှာဖွေကျွေးခဲ့ပါတယ်။ စိတ်ထဲမှာ စားသလောက် ကျွေးမယ်လို့ပဲ သဘောထားပြီး ရှာဖွေကျွေးခဲ့တာပါ။
ချွေးမနဲ့ မြေးလေးက ဈေးသွားတယ်။ အင်း ဈေးသွားပြီဆိုရင်တော့ ပြန်လာရင် ထမင်းလေးဘာလေး စားရတော့ မှာပေါ့။ အိမ်ရှေ့က“အကြော်စုံ”“ပဲပြုတ်”“အီကြာကွေး”ဈေးသည်တွေ ဖြတ်သွားတယ်။
“အီကြာကွေးလေးနဲ့ ဆန်ပြုတ်လေး သတိရလိုက်တာ။ လမ်းထိပ်က ဆန်ပြုတ်ရောင်းတဲ့ တရုတ်ကြီးမောင်ပု ရှိသေးရဲ့လား”ကျုပ်က တစ်ယောက်တည်း စကားပြောရတာ သဘောကျတယ်။ ဒါကိုလည်း“အဘိုးကြီး ရူးနေလားမသိဘူး” တဲ့။
တစ်ရေးလောက် အိပ်လိုက်ရင် ကောင်းမယ်ထင်ပါတယ်။ မှေးခနဲဖြစ်သွားချိန်မှာ တံခါးကို ဝုန်းခနဲ ဖွင့်သံ ကြားလိုက်ရလို့ လန့်နိုးသွားတယ်။ သားဖြစ်သူပြန်လာတယ်။ ဗီရိုတွေ မွှေနှောက်တယ်။ ချွေးမ ဈေးက ပြန်လာတယ်။
“ရှင်ပေးထားတဲ့ ပိုက်ဆံက နှစ်ပြားတစ်ပဲ။ ကျွန်မမှာ ဈေးဝယ်ရ၊ ရှင့်အဖေအတွက် ဆေးဝယ်ရ ဘယ်မှာလောက်မှာလဲ။ မရှိလို့ မရှိဘူးပြောတာပေါ့။ အိမ်မှာက လူပိုတွေ တင်ကျွေးထားရတာ ရှင်နားလည်မှပေါ့”
အို လူပိုတွေတဲ့လား။ သူတို့လင်မယား တစ်ယောက်တစ်ခွန်းစကားတွေများနေတာ စိတ်မချမ်းသာစရာပဲ။“ရှင့်ကို ပြောသားပဲ … ဒီတိုက်ခန်းရောင်းလိုက်လို့ … ပြီးတော့ တစ်နေရာမှာ သက်သာတဲ့ အိမ်လေးဝယ်နေရင်ရတာပဲ”ကျုပ် စိတ်ထဲမှာ ထောင်းခနဲဖြစ်သွားတယ်။
“ဟေ့ … ငါမသေသေးပါဘူးကွယ် … မသေသေးပါဘူး”
ပြောချင်ပေမယ့် လည်ချောင်းထဲက အသံတွေက ထွက်မလာဘူး။ ချွေးမက“အိမ်မှာက လူပိုတွေကတစ်မျိုး … ကြွက်တွေကတစ်မျိုး … ကြည့်လေ ညကကြောင်အိမ်ထဲမှာ သောင်းကျန်းထားတာ။ ဆေးချပြီး အကုန်ရှင်းပစ်မှ အေးမယ်”
သားဖြစ်သူက ပြန်ထွက်သွားတယ်။ ချွေးမက မြေးလေးကိုမှာနေတယ်“ဘိုဘို … ဟောဒီ ပုလင်းကို မကိုင်နဲ့နော် … ဒါကြွက်ဆေးတွေ။ ကြွက်တွေက သတ်မှရတော့မယ်။ မေမေ ဈေးထဲမှာ ဆီပုလင်းကျန်ခဲ့လို့ သွားယူရဦးမယ်”
“သားလည်း လမ်းထိပ်မှာ အခွေလိုက်ငှားမယ်”“နင်တို့ သားအဘကတော့ တစ်ယောက်ကဘောလုံး၊ တစ်ယောက်ကအခွေ ဒါတွေနဲ့ အချိန်ကုန်နေတော့တာပဲ”
ဗိုက်ဆာလိုက်တာ။ တစ်ခုခုလေးစားရရင် ကောင်းမှာပဲ။ ဘာပဲဖြစ်ဖြစ် ထမင်းကြမ်းလေး ဝါးလိုက်ရရင် ကောင်းမှာပဲ။
ကျုပ်က မီးဖိုးခန်းထဲကို ဖင်ဒယဉ့်တိုက်ပြီး သွားလိုက်တယ်။ ထမင်းစားပွဲကို လက်နဲ့ခိုပြီး ထကြည့်ဖို့ ကြိုးစား တယ်။ စားပွဲကမှောက်သွားပြီး ကျုပ်ပေါ်ကို ပန်းကန်တွေ ကျလာတယ်။ ဒုက္ခပဲ ချွေးမပြန်လာရင် ဆူတော့ ဆဲတော့မယ်။ပုလင်းလေး တစ်လုံးပါလား။ ဘာပါလိမ့်
“လောကကြီးဟာ ဘာမှလည်း မဟုတ်ပါလား။ ဒီလိုဘဝမျိုးမှာ ငါကသူများပြောတိုင်းခံ ပေးမှ ကျွေးမှ စားနေရတာ သဘာဝကျသလား။ ငါဟာ ငတ်နေသလား … ငါကလူပိုကြီးလား … ငါကရူးနေသလား … မင်းတို့ ပေးမှ ကျွေးမှ စားရမှာလား”
ကျုပ်လက်ထဲက ပုလင်းလေးက အခြားသော သတ္တဝါတွေအတွက် သေဆေးဖြစ်ကောင်း ဖြစ်မယ်။ ဒါပေမဲ့ ကျုပ်အတွက်တော့ အားဆေးဖြစ်နေတယ်။ဘာပြောပြော ကျုပ် ပုလင်းကို ဖွင့်လိုက်တယ်
[ဒီလိုသားသမီးဆိုးနဲ့မတွေ့ဆုံကြပါစေနဲ့ဆုတောင်းရင်း]
Credit