မြို့နယ် ၁၆ခု မီးပေးမယ့်အချိန်ဇယားကိုရန်ကုန်လျှပ်စစ်ဌာနထုတ်ပြန်
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကနေဦးစားပေးအဆင့်(က)ထဲမှာပါတဲ့ မြို့နယ်၁၆ခုကိုမီးအလှည့်ကျပေးမယ့်အချိန်ဇယားဒီဇင်ဘာ ၆ရက်မှာထုတ်ပြန်ပါတယ်။
ဦးစားပေး အဆင့် (က)မှာပါဝင်တဲ့မြို့နယ်တွေကတော့ရန်ကုန်၊သင်္ဃန်းကျွန်း၊တောင်ဥက္ကလာ၊တာမွေ၊ကျောက်တံတား၊ပန်းဘဲတန်း၊လသာ၊လမ်းမတော်၊ဒဂုံ၊အလုံ၊ ကြည့်မြင်တိုင်၊စမ်းချောင်း၊မရမ်းကုန်း၊လှိုင်၊ကမာရွတ်၊ဗဟန်းဖြစ်တယ်လို့ဆိုပါတယ်။
“သူတို့မကြေညာခင်ကတည်းကပျက်နေတာဆိုတော့ကိုယ့်ဘာသာကိုယ်အမှတ်အသားထားရတယ်။မနက်၉နာရီမီးပျက်မယ်ဆိုနေ့လယ်၁နာရီမှလာမယ်ပေါ့။ မနက် ၉ နာရီမီးလာရင်တော့ နေ့လယ် ၁နာရီဆိုပျက်ပြီပေါ့။
အခုလိုထုတ်ပြန်တော့လည်းသိထားရတာပေါ့။မီတာတွေဆောင်လည်းပျက်တာကပျက်မှာပါပဲ” လို့လှိုင်မြို့နယ်ကဒေသခံတစ်ယောက်ကပြောပါတယ်။
အဲဒီထဲကနေ အုပ်စုအေ၊ဘီခွဲထားပြီးမနက် ၉နာရီကနေညနေ၄နာရီအထိအလှည့်ကျဓာတ်အားပေးမှာဖြစ်ပါတယ်။ညနေ၄နာရီကနေမနက်၉နာရီအထိကတော့ အားလုံးကိုဓာတ်အားဖြန့်ဖြူးပေးမယ်လို့သိရပါတယ်။
တောင်ဥက္ကလာစက်မှုဇုန်ကိုလည်း မနက် ၉နာရီကနေ ညနေ ၅နာရီအထိသာဓာတ်အားပေးတော့မှာ ဖြစ်ပေမယ့်အဲဒီမြို့နယ်တွေထဲကဆေးရုံတွေနဲ့အရေးကြီးဌာနဆိုင်ရာတွေကိုတော့ ၂၄ နာရီဓာတ်အားပေးမှာဖြစ်တယ်လို့ထုတ်ပြန်ထားတာပါ။
<<<<< Zawgyi >>>>>
ၿမိဳ႕နယ္ ၁၆ခု မီးေပးမယ့္အခ်ိန္ဇယားကိုရန္ကုန္လွ်ပ္စစ္ဌာနထုတ္ျပန္
ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းကေနဦးစားေပးအဆင့္(က)ထဲမွာပါတဲ့ ၿမိဳ႕နယ္၁၆ခုကိုမီးအလွည့္က်ေပးမယ့္အခ်ိန္ဇယားဒီဇင္ဘာ ၆ရက္မွာထုတ္ျပန္ပါတယ္။
ဦးစားေပး အဆင့္ (က)မွာပါဝင္တဲ့ၿမိဳ႕နယ္ေတြကေတာ့ရန္ကုန္၊သဃၤန္းကြၽန္း၊ေတာင္ဥကၠလာ၊တာေမြ၊ေက်ာက္တံတား၊ပန္းဘဲတန္း၊လသာ၊လမ္းမေတာ္၊ဒဂုံ၊အလုံ၊ ၾကည့္ျမင္တိုင္၊စမ္းေခ်ာင္း၊မရမ္းကုန္း၊လႈိင္၊ကမာ႐ြတ္၊ဗဟန္းျဖစ္တယ္လို႔ဆိုပါတယ္။
“သူတို႔မေၾကညာခင္ကတည္းကပ်က္ေနတာဆိုေတာ့ကိုယ့္ဘာသာကိုယ္အမွတ္အသားထားရတယ္။မနက္၉နာရီမီးပ်က္မယ္ဆိုေန႔လယ္၁နာရီမွလာမယ္ေပါ့။ မနက္ ၉ နာရီမီးလာရင္ေတာ့ ေန႔လယ္ ၁နာရီဆိုပ်က္ၿပီေပါ့။
အခုလိုထုတ္ျပန္ေတာ့လည္းသိထားရတာေပါ့။မီတာေတြေဆာင္လည္းပ်က္တာကပ်က္မွာပါပဲ” လို႔လႈိင္ၿမိဳ႕နယ္ကေဒသခံတစ္ေယာက္ကေျပာပါတယ္။
အဲဒီထဲကေနအုပ္စုေအ၊ဘီခြဲထားၿပီးမနက္ ၉နာရီကေနညေန၄နာရီအထိအလွည့္က်ဓာတ္အားေပးမွာျဖစ္ပါတယ္။ညေန၄ နာရီကေနမနက္၉နာရီအထိကေတာ့ အားလုံးကိုဓာတ္အားျဖန႔္ျဖဴးေပးမယ္လို႔သိရပါတယ္။
ေတာင္ဥကၠလာစက္မႈဇုန္ကိုလည္း မနက္ ၉နာရီကေန ညေန ၅နာရီအထိသာဓာတ္အားေပးေတာ့မွာ ျဖစ္ေပမယ့္အဲဒီၿမိဳ႕နယ္ေတြထဲကေဆး႐ုံေတြနဲ႔အေရးႀကီးဌာနဆိုင္ရာေတြကိုေတာ့ ၂၄ နာရီဓာတ္အားေပးမွာျဖစ္တယ္လို႔ထုတ္ျပန္ထားတာပါ။