“မြန်မာ့အရေးနဲ့ပတ်သက်ပြီး အင်ဒိုနီးရှား ကတော့ ကြမ်းပြီ”

“မြန်မာ့အရေးကို ပွဲပြတ်အောင် ဖြတ်မယ်လို့ ကမ္ဘာကြီးကို ကတိပေးလိုက်တဲ့ အင်ဒိုနီးရှား ”

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူလိုက်စဉ်မှာပဲ မြန်မာ့ပြဿနာကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးနဲ့ ပူးပေါင်းပြီး အကောင်းဆုံး လုပ်ဆောင်မယ်လို့ ကတိပြုလိုက်ပါတယ် ။ ဒီနေ့ အင်ဒိုနီးရှားမှာ ကျင်းပတဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရန်တိုမာဆူဒီက ကမ္ဘာကြီးကို ကတိပြုလိုက်တာပါ ။

ဟိုအရင်ကတည်းက တောင်းဆိုထားတဲ့ အချက်တွေကို မြန်မာစစ်တပ်ဘက်က လိုက်နာဖို့ လိုအပ်တယ်လို့ အသိပေးထားပါတယ် ။ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေအပေါ်မှာ စိတ်ပျက်နေတဲ့ အင်ဒိုနီးရှားဟာ လုံခြုံရေးကောင်စီရဲ့ တွန်းအားပေးမှု့တွေကို လက်ခံထားပါတယ် ။ သံတမန်အရေးမှာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ တွမ်အင်ဒရူးကို ၊

အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားတဲ့ အာဆီယံ အထွေထွေအတွင်းရေးမှုးချုပ် Kao Kim Hourn နဲ့ တွဲဖက် တာဝန်ယူဖို့ တာဝန်ပေးအပ်လိုက်ပါတယ် ။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟာ အာဆီယံဥက္ကဋ္ဌရုံးကနေ မြန်မာ့ပြဿနာကို သူကိုယ်တိုင် ကြီးကြပ်မယ်လို့ အသိပေးထားပါတယ် ။ လူသားချင်း စာနာထောက်ထားမှု့ လုပ်ငန်းစဉ်တွေကိုလည်း လုပ်ဆောင်သွားပါမယ် ။

ရိုဟင်ဂျာအရေးကိုလည်း ရန်တိုမာဆူဒီက အသိပေးထားပေမဲ့” လတ်တလောမှာ ရိုဟင်ဂျာကိစ္စက ဖြေရှင်းရတာ ပိုခက်နေပါလိမ့်မယ် ။ ရိုဟင်ဂျာပြဿနာဟာ မူလဇစ်မြစ်ကို လိုက်ရမှာပါ ။ မူလဇစ်မြစ်ကို မသိရင် ဖြေရှင်းလို့ မရနိုင်ပါဘူး “လို့ ဆိုပါတယ် ။

ဒါကတော့ US သတင်းဌာနနဲ့ ကမ္ဘာကျော် သတင်းဌာနတွေက ဒီနေ့ တင်ပြထားတဲ့ သတင်းပါ။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့ပြဿနာကို အစွမ်းကုန် ဖြေရှင်းနိုင်ရမယ်လို့ ကတိပေးလိုက်တဲ့သတင်းကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခုပ်သံတွေနဲ့ အားပေးထားကြပါတယ် ။

သုံးသပ်ရမယ်ဆိုရင်တော့ ….၊အင်ဒိုနီးရှားဟာ အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို စတင်လိုက်ပါပြီ ။ မြန်မာ့အရေးမှာ တက်ကြွလှုပ်ရှားတဲ့ အင်ဒိုနီးရှားဟာ ရိုဟင်ဂျာ ပြဿနာကို နောက်ပိုင်းမှ အဖြေရှာပြီး လတ်တလော ပြည်တွင်းစစ်ကိုသာ ဖြေရှင်းနိုင်ဖို့ အားသန်နေပါတယ် ။ အာဆီယံအတွင်းမှာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့အခါတိုင်း မလေးရှားလို ပြတ်သားတဲ့ အင်ဒိုနီးရှားဟာ အာဆီယံဥက္ကဋ္ဌ ဖြစ်လာချိန်မှာတော့ ပွဲပြတ်အောင် ဖြေရှင်းပေးမယ်လို့ ကမ္ဘာကြီးကို ဒီနေ့ ကတိပြုလိုက်တာပါ ။

ကောင်းပြီ ……..” အင်ဒိုနီးရှားလို နိုင်ငံက မြန်မာ့အရေးကို ပွဲပြတ်အောင် ဖြေရှင်းမယ်ဆိုတာက ဘယ်လို သြဇာအာဏာတွေ ရှိနေလို့လဲ … ? “လို့ မေးကောင်း မေးချင်ပါလိမ့်မယ် ။

သိထားကြတဲ့ အတိုင်းပါပဲ ။ ဒေသတွင်း အဖွဲ့အစည်းဖြစ်တဲ့ အာဆီယံဟာ မြန်မာ့အရေးမှာ တာဝန်အရှိဆုံး အဖွဲ့အစည်းလို့ နိုင်ငံတကာက ပြောကြားထားပါတယ် ။ နေတိုး ၊ စီတိုး တို့လို အဖွဲ့တွေ ဖွဲ့စည်းထားတာဟာ အားအားယားယား ဖွဲ့ထားတာ မဟုတ်ပါဘူး ။ နိုင်ငံအချင်းချင်း စီးပွားရေး ၊ စစ်ရေး ကိစ္စတွေမှာ အပြန်အလှန် ကူညီဖို့ပါ ။ ဒီတော့လည်း အနောက်နိုင်ငံကြီးတွေအနေနဲ့ အာဆီယံကို မကျော်ချင်လို့ ၊ ပြန်ပြီး တာဝန်ပေးတယ်လို့ ယူဆရပါတယ် ။

ခက်တာက ကမ္ဘောဒီယား ဥက္ကဋ္ဌဖြစ်နေတဲ့အချိန်နဲ့ ဆုံရလေတော့ အနောက်နိုင်ငံကြီးတွေဟာ အာဆီယံကိုကျော်ပြီး မြန်မာ့အရေးကို ဝင်ရောက်ပါဝင်ဖို့ ခက်ခဲခဲ့ပါတယ် ။ အာဆီယံအတွင်းမှာလည်း သဘောထားကွဲမှု့တွေ ရှိနေတဲ့အတွက် မြန်မာ့အရေးကို ကမ္ဘောဒီးယားကလည်း အာဏာရှင်အကြိုက် မလုပ်ရဲခဲ့သလို ၊ မြန်မာပြည်သူတွေဘက်မှာလည်း မရှိခဲ့ပါဘူး ။

သို့ပေမဲ့ မြန်မာ့အရေးကို ဟိုစဉ်ကတည်းက ပြတ်သားခဲ့တဲ့ အင်ဒိုနီးရှား လက်ထက်မှာတော့ ကုလသမဂ္ဂ ကိုယ်တိုင်က ပံ့ပိုးကူညီမှု့တွေနဲ့ အားပေးထားပါတယ် ။ ဒါ့ကြောင့်လည်းပဲ အင်ဒိုနီးရှားဟာ မြန်မာ့အရေးကို ပွဲပြတ်အောင် လုပ်ဆောင်မယ်လို့ ကမ္ဘာကြီးကို ရဲရဲဝံ့ဝံ့ ကတိပေးနိုင်တာပါ ။

တိုက်ဆိုင်မှု့တွေကတော့ သေသေချာချာ စီစဉ်ထားသလိုပါပဲ ။ အင်ဒိုနီးရှားရဲ့ လုပ်ဆောင်ချက်တွေကို လုပ်ရဲကိုင်ရဲအောင် အာဆီယံဥက္ကဋ္ဌ ဖြစ်လာချိန်မှာ လုံခြုံရေးကောင်စီကနေ ဆုံးဖြတ်ချက် ချပေးလိုက်ပါတယ် ။ ဒါဟာ နောင်တစ်ချိန်မှာ နောက်ကြောင်းပြန်လှည့်ပြီး ဥပဒေနဲ့ ဖြေရှင်းလို့မရအောင် လုပ်ပေးလိုက်တာပါ ။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချအပြီးမှာ အမေရိကန်ကလည်း မြန်မာနိုင်ငံဆိုင်ရာ ကာကွယ်ရေးအကူအညီကို ခွင့်ပြုလိုက်ပါတယ် ။မနေ့ကတော့ ထိုင်းနိုင်ငံမှာ ဖမ်းမိတဲ့ မူးယစ်ရာဇာတစ်ယောက်ထံကနေ အာဏာသိမ်းခေါင်းဆောင် မိသားစုဝင်တွေ ပါဝင်ပတ်သက်နေတယ် ဆိုတဲ့ အထောက်အထား ကွင်းဆက်တွေကို့ ကမ္ဘာသိအောင် ထုတ်ဖော်ပြောကြားထားပါတယ် ။ ဒီသတင်းကလည်း ကုလသမဂ္ဂ သတင်းဌာနကိုယ်တိုင်က ဖော်ပြထားပါတယ် ။

ဆိုတော့ ၊ အင်ဒိုနီးရှားဟာ နဂိုကတည်းက အာဆီယံအတွင်းမှာ အင်အားတောင့်ပြီး သြဇာညောင်းသလို ၊ မြန်မာ့အရေးကို ဖြေရှင်းဖို့အတွက် သူ့နောက်ကနေ ဝါရင့် အထူးကိုယ်စားလှယ် တွမ်အင်ဒရူး ၊ ကုလအတွင်းရေးမှုးချုပ် ၊ လုံခြုံရေးကောင်စီနဲ့ အမေရိကန်က အားပေးထားလေတော့ ပွဲပြတ်အောင် ဖြတ်နိုင်မယ်လို့ ကမ္ဘာကြီးကို ရဲရဲဝံ့ဝံ့ ကတိပေးလိုက်တာပါ လို့ပဲ သုံးသပ်ချင်ပါတယ် ။

ဘကြီးအောင် LA

11 January, 2023

Leave a Reply

Your email address will not be published. Required fields are marked *