လူပျိုကြီး အပျိုကြီးသေဆုံးလျှင် ငှက်ပျောတုန်းထည့်ရခြင်းရဲ့ အကြောင်းရင်းမှန်.

လူပျိုကြီး အပျိုကြီးသေဆုံးလျှင် ငှက်ပျောတုန်းထည့်ရခြင်းရဲ့ အကြောင်းရင်းမှန်.

လူပျိုကြီး အပျိုကြီးသေဆုံးလျှင် ငှက်ပျောတုန်းထည့်ရခြင်းရဲ့ အကြောင်းရင်းမှန်

သာမာန်အမြင်အယူအစအနေနဲ့ ငှက်ပျောတုံးကပဲ သေသူအတွက် အဖော်ဖြစ်စေသလိုလို ၊

ဒီဘဝ အိမ်ထောင် မကျပဲသေသွားရလို့နောက်နောင်ဘဝတွေ အတွက်

အိမ်ထောင်ကျအောင်ဓာတ်ရိုက် ဓာတ်ဆင်သဘောနဲ့ ယတြာချေတာလိုလို ဒီလိုပဲ ထင်မြင်နေကြတာပါ ။

ဒီကိစ္စနဲ့ ပက်သက်ပြီး ဒီနေ့လူမှုကွန်ယက်ပေါ်မှာ မြင်တွေ့နေတဲ့ သေဆုံးသူနဲ့ အဖြစ်နဲ့ တင်ထားကြတာ တွေ့ရပြီး

တချို့ကလည်း လက်ခံစရာမရှိကြောင်း ရေးတင်ထားကြတာ တွေ့ရတယ် ။

ဘာပဲဖြစ်ဖြစ်ယခုပုံပါ အခင်းဖြစ်ရာဒေသရဲ့ အယူအစွဲက ဘယ် လိုကြောင့် အခုလို ငှက်ပျောတုံးထည့်တာလဲ ဆိုတာတော့ မသိနားမလည်ပါဘူး ။

ဒါပေမဲ့ ငှက် ပျောတုံးဟာလူပျိုကြီး အပျိုကြီး ဖြစ်ခြင်းနဲ့ မဆိုင်ပါဘူး ။

လူသားအားလုံးအတွက် ဥပမာပြထားတဲ့ ပစ္စည်းတစ်ခုလို့ ပြောလို့ရမယ် ထင်ပါတယ် ။

သီတဂူဆရာတော်ဘုရားကြီး ရဲ့ ဘဝတန်ဖိုး တရားတော်ထဲမှာ

“ အနိစ္စ အချက် မပြတ်နှိပ်စက်တဲ့ ခန္ဓာ ဒုက္ခ အချက် မပြတ်နှိပ်စက်တဲ့ ခန္ဓာ၊ အနတ္တ အချက်ဖြင့်

မပြတ်နှိပ်စက်နေတဲ့ ခန္ဓာ ဘာများ အနှစ်သာရ ရှိသေးလည်း ။

မကြာခင် ပစ်ရတော့ မယ် ။ ငှက်ပျောတုံး အခွံတွေ ခွါ ခွါ လိုက်တိုင်း ခွါ လိုက်တိုင်း အပေါ်က တစ် ဖတ် ခွါလိုက်လည်း အခွံပါပဲ ။

နောက်တစ်ဖတ်ခွါလိုက်လည်း အခွံပါပဲ ။ ခွါရင်း ခွါရင်း နဲ့ အခွံ ချည်းပဲ ထွက်တယ် ။အနှစ် မရပါဘူး ။

ဒီခန္ဓာကိုယ်ကြီး ဟာ ငှက်ပျောတုံး နဲ့ မျခားဘူး လို့ သေဘာက် ။ရူက္ခန္ဓာ တစ်ဖတ် ခွါ အကာပဲ ။

ဝေဒနာက္ခန္ဓာ တစ်ဖတ် ခွါ ၊သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ၊ ဝိညာဏက္ခန္ဓာ တစ်ထပ်စီ တစ်ထပ်စီ ခွါ ၊ ခွါ ချင်တိုင်း ခွါ ၊ ငှက်ပျောတုံးလိုပါပဲ ။

အကာချည်းပဲ ထွက်တယ် ။ မကြာခင် သုဿန်မှာ ပစ်ရတော့မယ် ။

ဘာများ အနှစ် ရှိလဲ …?ဒီခန္ဓာ အနှစ် ရှိတယ် ထင်ပြီးတော့ မွမ်းမံ ပြင်ဆင်နေရင်အကာကိုတွယ်တာမက်မောနေကြတာ ။

ခန္ဓာကိုယ် ရဲ့ အနှစ်ဟာ ဘာလဲ ..? အနိစ္စ ဖြစ်တာ ဖြစ်မှန်း သိအောင် ကြည့် ။

အနိစ္စာနုပဿနာဉာဏ် ရရင် အနှစ် ။ ဒုက္ခ ဖြစ်တာ ဖြစ်မှန်း သိအောင်ကြည့် ။

ဒုက္ခာနုပဿနာဉာဏ် ရရင် အနှစ် ။ အနတ္တ ဖြစ်တာ ဖြစ်မှန်း သိအောင်ကြည့် ။

အနတ္တာနုပဿနာဉာဏ် ရရင် အနှစ်ပါပဲ ။ အဲ့ဒါ ဘဝမှာ တန်ဖိုးရှိတဲ့ အနှစ်လို့ သဘောကျ ။

ဒီအနှစ်ကို ရရင်လူ့ဘဝမှာ နေရကျိုး နပ်ပြီ ။ သေရကျိုး နပ်ပြီ ။

ဒီအနှစ်မှ မရရင် ဘဝမှာ နေရကျိုးလည်းမနပ် ၊ သေရကျိုးလည်း မနပ်ဖြစ်လိမ့်မယ် ´´ လို့

သီတ ဂူဆရာတော်ကြီး၏ ဘဝတန်ဖိုးစာအုပ်/နှာ ၅၇ ဟောကြားထားတာ ရှိပါတယ် ။

ဒါကြောင့် အိမ်ထောင်မကျပဲ သေဆုံးရလို့ ငှက်ပျောတုံး ထည့်ရခြင်းမှာအကြောင်း ဆက်စပ်မှု မရှိသလို

သဘောမပါသည့် အပြောဟာသတစ်ခုသာဖြစ်ပါတယ်

Credit ရွှေမြိုင်ဆရာတော်

လူပ်ိဳႀကီး အပ်ိဳႀကီးေသဆုံးလၽွင္ ငွက္ေပ်ာတုန္းထည့္ရျခင္းရဲ့ အေၾကာင္းရင္းမွန္

သာမာန္အျမင္အယူအစအေနနဲ႔ ငွက္ေပ်ာတုံးကပဲ ေသသူအတြက္ အေဖာ္ျဖစ္ေစသလိုလို ၊

ဒီဘဝ အိမ္ေထာင္ မက်ပဲေသသြားရလို႔ေနာက္ေနာင္ဘဝေတြ အတြက္

အိမ္ေထာင္က်ေအာင္ဓာတ္ရိုက္ ဓာတ္ဆင္သေဘာနဲ႔ ယၾတာေခ်တာလိုလို ဒီလိုပဲ ထင္ျမင္ေနၾကတာပါ ။

ဒီကိစၥနဲ႔ ပက္သက္ၿပီး ဒီေန႔လူမႈကြန္ယက္ေပၚမွာ ျမင္ေတြ႕ေနတဲ့ ေသဆုံးသူနဲ႔ အျဖစ္နဲ႔ တင္ထားၾကတာ ေတြ႕ရၿပီး

တခ်ိဳ႕ကလည္း လက္ခံစရာမရွိေၾကာင္း ေရးတင္ထားၾကတာ ေတြ႕ရတယ္ ။

ဘာပဲျဖစ္ျဖစ္ယခုပုံပါ အခင္းျဖစ္ရာေဒသရဲ့ အယူအစြဲက ဘယ္ လိုေၾကာင့္ အခုလို ငွက္ေပ်ာတုံးထည့္တာလဲ ဆိုတာေတာ့ မသိနားမလည္ပါဘူး ။

ဒါေပမဲ့ ငွက္ ေပ်ာတုံးဟာလူပ်ိဳႀကီး အပ်ိဳႀကီး ျဖစ္ျခင္းနဲ႔ မဆိုင္ပါဘူး ။

လူသားအားလုံးအတြက္ ဥပမာျပထားတဲ့ ပစၥည္းတစ္ခုလို႔ ေျပာလို႔ရမယ္ ထင္ပါတယ္ ။

သီတဂူဆရာေတာ္ဘုရားႀကီး ရဲ့ ဘဝတန္ဖိုး တရားေတာ္ထဲမွာ

“ အနိစၥ အခ်က္ မျပတ္ႏွိပ္စက္တဲ့ ခႏၶာ ဒုကၡ အခ်က္ မျပတ္ႏွိပ္စက္တဲ့ ခႏၶာ၊ အနတၱ အခ်က္ျဖင့္

မျပတ္ႏွိပ္စက္ေနတဲ့ ခႏၶာ ဘာမ်ား အႏွစ္သာရ ရွိေသးလည္း ။

မၾကာခင္ ပစ္ရေတာ့ မယ္ ။ ငွက္ေပ်ာတုံး အခြံေတြ ခြါ ခြါ လိုက္တိုင္း ခြါ လိုက္တိုင္း အေပၚက တစ္ ဖတ္ ခြါလိုက္လည္း အခြံပါပဲ ။

ေနာက္တစ္ဖတ္ခြါလိုက္လည္း အခြံပါပဲ ။ ခြါရင္း ခြါရင္း နဲ႔ အခြံ ခ်ည္းပဲ ထြက္တယ္ ။အႏွစ္ မရပါဘူး ။

ဒီခႏၶာကိုယ္ႀကီး ဟာ ငွက္ေပ်ာတုံး နဲ႔ မ်ခားဘူး လို႔ ေသဘာက္ ။႐ူကၡႏၶာ တစ္ဖတ္ ခြါ အကာပဲ ။

ေဝဒနာကၡႏၶာ တစ္ဖတ္ ခြါ ၊သညာကၡႏၶာ သခၤါရကၡႏၶာ ၊ ဝိညာဏကၡႏၶာ တစ္ထပ္စီ တစ္ထပ္စီ ခြါ ၊ ခြါ ခ်င္တိုင္း ခြါ ၊ ငွက္ေပ်ာတုံးလိုပါပဲ ။

အကာခ်ည္းပဲ ထြက္တယ္ ။ မၾကာခင္ သုႆန္မွာ ပစ္ရေတာ့မယ္ ။

ဘာမ်ား အႏွစ္ ရွိလဲ …?ဒီခႏၶာ အႏွစ္ ရွိတယ္ ထင္ၿပီးေတာ့ မြမ္းမံ ျပင္ဆင္ေနရင္အကာကိုတြယ္တာမက္ေမာေနၾကတာ ။

ခႏၶာကိုယ္ ရဲ့ အႏွစ္ဟာ ဘာလဲ ..? အနိစၥ ျဖစ္တာ ျဖစ္မွန္း သိေအာင္ ၾကည့္ ။

အနိစၥာႏုပႆနာဉာဏ္ ရရင္ အႏွစ္ ။ ဒုကၡ ျဖစ္တာ ျဖစ္မွန္း သိေအာင္ၾကည့္ ။

ဒုကၡာႏုပႆနာဉာဏ္ ရရင္ အႏွစ္ ။ အနတၱ ျဖစ္တာ ျဖစ္မွန္း သိေအာင္ၾကည့္ ။

အနတၱာႏုပႆနာဉာဏ္ ရရင္ အႏွစ္ပါပဲ ။ အဲ့ဒါ ဘဝမွာ တန္ဖိုးရွိတဲ့ အႏွစ္လို႔ သေဘာက် ။

ဒီအႏွစ္ကို ရရင္လူ႔ဘဝမွာ ေနရက်ိဳး နပ္ၿပီ ။ ေသရက်ိဳး နပ္ၿပီ ။

ဒီအႏွစ္မွ မရရင္ ဘဝမွာ ေနရက်ိဳးလည္းမနပ္ ၊ ေသရက်ိဳးလည္း မနပ္ျဖစ္လိမ့္မယ္ ´´ လို႔

သီတ ဂူဆရာေတာ္ႀကီး၏ ဘဝတန္ဖိုးစာအုပ္/ႏွာ ၅၇ ေဟာၾကားထားတာ ရွိပါတယ္ ။

ဒါေၾကာင့္ အိမ္ေထာင္မက်ပဲ ေသဆုံးရလို႔ ငွက္ေပ်ာတုံး ထည့္ရျခင္းမွာအေၾကာင္း ဆက္စပ္မႈ မရွိသလို

သေဘာမပါသည့္ အေျပာဟာသတစ္ခုသာျဖစ္ပါတယ္ ။

Credit ေရႊၿမိဳင္ဆရာေတာ္

Leave a Reply

Your email address will not be published. Required fields are marked *