မသေခင်က ဗိမာန် ပေါက်နေတဲ့ ဖြူးမြို့နယ်က ဆွမ်းအလှူရှင် (ဖြစ်ရပ်မှန်)
ညောင်လေးပင် ဆေးရုံပေါ်မှာ သက်တော် ၈၉ နှစ် ရှိပြီ ဖြစ်တဲ့ ဆရာတော်ကြီး ဦးဇာဂရဟာ နာမကျန်းဖြစ်လို့
ဆေးကုသမှု ခံယူရာကနေ တစ်နေ့မှာတော့ သတိလစ်ပြီး မေ့မြော သွားခဲ့ပါတယ်။
အင်း ငါ ဘယ်ကိုများ ရောက်နေပါလိမ့်၊ သူ့ဗိမာန်နဲ့ သူ စောင်း၊ ပတ်သာ၊ တူရိယာတွေ တီးမှုတ်၊ ကခုန် နေလိုက်ကြတာ။
ဧကန္တ ငါအခု နတ်ပြည်ကို ရောက်နေတယ် ထင်ပါရဲ့။
ဟော ဒီ ဗိမာန်ကြီးကလည်း ရွှေရောင်တွေ ဝင်းထိန် နေပါရောလား၊ နတ်သမီး တွေကလည်း ပြည့်လို့။
ဘယ်လို ကုသိုလ်ကောင်းမှုကြောင့်များ ပါလိမ့်၊ ငါ မေးမြန်း ကြည့်ဦးမှ ပါပဲ။ အို အသင် နတ်သမီးတို့ ဤ ဗိမာန်ပိုင်ရှင်ကား မည်သူ ဖြစ်ပါသလဲ။
မှန်လှပါ ဘုရား ဗိမာန်ပိုင်ရှင်ကား ရောက် မလာ သေးပါ၊ လူ့ပြည်မှာပဲ ရှိနေဆဲပါ ဘုရား။
သက်တော်ပြည့်လို့ နေ့စေ့၊ ကံကုန်မှ ရောက်လာမှာမို့ တပည့်တော်မတို့ ပျင်းလှပါသည် ဘုရား။
လူ့ပြည် ပြန်ရောက်တဲ့ အခါ ဗိမာန်ပိုင်ရှင်ကို တပည့်တော်မတို့ စောင့်မျှော်နေတဲ့ အကြောင်း ပြောကြား ပေးပါဘုရား။
ကောင်းပါပြီ ဒကာမတို့ ဗိမာန်ပိုင်ရှင်ကို ပြောကြား ပေးပါ့မယ်။ အမည်နာမနဲ့ နေထိုင်တဲ့ နေရပ်ဒေသကိုသာ လျှောက်ထားပါလေ။
မှန်လှပါ ဘုရား ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲကြီးအောက်ခုံရွာက ဒေါ်ကုလားမပါ ဘုရား။
ဟော ဆရာတော်ကြီး သတိရလာပြီ ဟေ့။ မောင်ပဉ္ဇင်းတို့ ငါပြောတာကို စာရွက်နဲ့ သေချာ လိုက်ရေးထားစမ်း ကွဲ့။
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲကြီးအောက်ခုံရွာက ဒေါ်ကုလားမ တဲ့။
ကျန်းမာရေးအခြေအနေ ပြန်ကောင်းလာတဲ့အတွက် ဆရာတော်ကြီးဟာ ဆေးရုံကနေ ဆင်းပြီးတဲ့အခါ
သူ မှတ်ခိုင်းထားတဲ့ လိပ်စာအတိုင်း ရဟန်းတော် ၂ ပါးကို မောင်ပဉ္ဇင်း တို့ ဗိမာန်ပိုင်ရှင် ဆီကို သွားပါ။
ဘာကြောင့် မသေခင်ကပဲ နတ်ပြည်မှာ ဗိမာန် ပေါက်တဲ့အထိ
ဘယ်လို ကုသိုလ်၊ ကောင်းမှုတွေများ ပြုလုပ်သလဲ လို့ သေချာ မေးမြန်း၊ စုံစမ်းခဲ့ပါ ဆိုပြီး ခိုင်းလိုက်ပါတယ်။
ဝဲကြီးအောက်ခုံရွာမှာ ဒေါ်ကုလားမကို မသိတဲ့လူ မရှိပေ။ ဒေါ်ကုလားမက မုဆိုးမ ပါ။ သမီးလေးတစ်ယောက်နဲ့ ပဲပြုတ် ရောင်းစားတယ် တဲ့။
ရဟန်းတော် ၂ ပါးဟာ ယိုင်နဲ့နဲ့ တဲလေးထဲ ဝင်သွားပြီး ဒေါ်ကုလားမနဲ့ ဆိုက်ဆိုက်၊ မြိုက်မြိုက် တွေ့တဲ့အခါ
ဆရာတော်ကြီး မိန့်ကြား လိုက်တဲ့အတိုင်း အကျိုးအကြောင်း ပြောပြပြီး ဒေါ်ကုလားမရဲ့ ကုသိုလ် ကောင်းမှုတွေကို မေးမြန်း ကြပါတယ်။
အရှင်ဘုရား တို့ တပည့်တော်မက ဆင်းရဲပါတယ် ဘုရား၊ တခြားသူတွေလို ထောင်သောင်းချီပြီး
မလှူဒါန်း နိုင်ပေမဲ့ မနက်အာရုဏ် တစ်ကြိမ်၊
နေ့ဆွမ်း တစ်ကြိမ်တော့ ဘုရားရှင်ကို နေ့တိုင်း၊ မပျက် မကွက် ဆွမ်းကပ် လှူဒါန်းပါတယ် ဘုရား။
ဪ ဟုတ်လား၊ ဒါနဲ့ ဒကာမကြီးရဲ့ ဘုရားရှင်ကို ဆွမ်းကပ် လှူဒါန်းပုံကို ဦးဇင်းတို့ သိပါရစေ ဒကာမကြီး။ တင်ပါ့ ဘုရား
ဆွမ်းကပ် လှူဒါန်းပုံ
တပည့်တော်မဟာ မနက်အာရုဏ် တက်တာနဲ့ အသင့်ချက်ပြီးတဲ့ ဆွမ်းကို စားပွဲခုံနဲ့ သေချာ ပြင်ဆင်ပါတယ် ဘုရား။
လက်ဆေးတော်ရေ၊ သောက်တော်ရေ၊ လက်သုပ်ပုဝါတွေ အပြည့်အစုံ တင်ပြီး
သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တိုင် ကြွရောက် ဘုန်းပေး နေသလို အာရုံပြုလို့
ဒါက လက်ဆေးတော်ရေပါ ဘုရား၊ဒါက သောက်တော်ရေပါ ဘုရား လို့ လျှောက်ထား၊
ဆက်ကပ် အနားကနေ ယပ်ခတ်ပြီးတော့ လှူဒါန်းပါတယ် ဘုရား။ တပည့်တော်မလည်း သူများတွေလိုသား၊
ငါးနဲ့ သေချာချက်ပြုတ်ပြီး လှူဒါန်းချင်ပေမယ့် မတတ်နိုင်တဲ့အတွက် နေ့စဉ် ပဲပြုတ်နဲ့သာ လှူဒါန်း နိုင်ပါတယ်။
တခါတရံ ဈေးရောင်းပြီး ပြန်လာတဲ့ အခါ ငါးနုပ်၊ ငါးဖွဲလေးများ ဝယ်လာပြီး တပည့်တော်တို့ မစားပဲ ဘုရားရှင်ကိုသာ လှူဒါန်းပါတယ် ဘုရား။
ကောင်းလိုက်တာ ဒကာမကြီးရယ် ဦးပဉ္ဇင်းတို့ လှိုက်လှိုက်လှဲလှဲ သာဓု ခေါ်ပါတယ်။
အင်း ဒါကြောင့် ဒကာမကြီးရဲ့ အားကြီးတဲ့ သဒ္ဓါတရားကြောင့် နတ်ပြည်မှာ ဗိမာန် ကြိုပေါက် နေတာကိုး
ဒါနဲ့ ခုလို လှူဒါန်းခဲ့တာ ဘယ်လောက်များ ကြာပြီလဲ ဒကာမကြီး။ မှန်လှပါ သမီးလေးတစ်သက် အနှစ်၊ နှစ်ဆယ် တိုင်ခဲ့ပါပြီ ဘုရား။
ဒကာမကြီးရဲ့ကုသိုလ်ကို ဦးပဉ္ဇင်း တို့ကိုလည်း အမျှ ပေးဝေပါ၊ သာဓု ခေါ်ဆို ပါရစေ ဒကာမကြီး။
ဘုရားတပည့်တော်မသည် ဘုရားရှင်အား ရည်မှန်း၍ နေ့စဉ် ဝတ်မပြတ် အာရုဏ်ဆွမ်း၊ နေ့ဆွမ်းများ ဆပ်ကပ်၊
လှူဒါန်းရသော ကောင်းမှုကုသိုလ် အစုစုတို့ကို အနန္တ စင်္ကြာဝဋ္ဌာရှိ အနန္တ သုံးဆယ့်တစ်ဘုံသား အားလုံးတို့အား
မိမိ၏ ဖြူစင်သန့်ရှင်းသော ကုသိုလ်ကို ထပ်တူ၊ ထပ်မျှ ရနိုင်စေရန် အမျှ အမျှ အမျှ ပေးဝေ ငှပါ၏။
ကုသိုလ် အားလုံး ကြားသူ အပေါင်း၊ မကြားသူ အပေါင်း အမျှ အမျှ အမျှ ယူတော် မူကြပါကုန်လော့၊ သာဓု သာဓု သာဓု
ဦးမြင့်ခိုင်
Crd…
===================
Zawgyi
ေညာင္ေလးပင္ ေဆး႐ုံေပၚမွာ သက္ေတာ္ ၈၉ ႏွစ္ ရွိၿပီ ျဖစ္တဲ့ ဆရာေတာ္ႀကီး ဦးဇာဂရဟာ နာမက်န္းျဖစ္လို႔
ေဆးကုသမႈ ခံယူရာကေန တစ္ေန႔မွာေတာ့ သတိလစ္ၿပီး ေမ့ေျမာ သြားခဲ့ပါတယ္။
အင္း ငါ ဘယ္ကိုမ်ား ေရာက္ေနပါလိမ့္၊ သူ႔ဗိမာန္နဲ႔ သူ ေစာင္း၊ ပတ္သာ၊ တူရိယာေတြ တီးမႈတ္၊ ကခုန္ ေနလိုက္ၾကတာ။
ဧကႏၲ ငါအခု နတ္ျပည္ကို ေရာက္ေနတယ္ ထင္ပါရဲ႕။
ေဟာ ဒီ ဗိမာန္ႀကီးကလည္း ေ႐ႊေရာင္ေတြ ဝင္းထိန္ ေနပါေရာလား၊ နတ္သမီး ေတြကလည္း ျပည့္လို႔။
ဘယ္လို ကုသိုလ္ေကာင္းမႈေၾကာင့္မ်ား ပါလိမ့္၊ ငါ ေမးျမန္း ၾကည့္ဦးမွ ပါပဲ။ အို အသင္ နတ္သမီးတို႔ ဤ ဗိမာန္ပိုင္ရွင္ကား မည္သူ ျဖစ္ပါသလဲ။
မွန္လွပါ ဘုရား ဗိမာန္ပိုင္ရွင္ကား ေရာက္ မလာ ေသးပါ၊ လူ႔ျပည္မွာပဲ ရွိေနဆဲပါ ဘုရား။
သက္ေတာ္ျပည့္လို႔ ေန႔ေစ့၊ ကံကုန္မွ ေရာက္လာမွာမို႔ တပည့္ေတာ္မတို႔ ပ်င္းလွပါသည္ ဘုရား။
လူ႔ျပည္ ျပန္ေရာက္တဲ့ အခါ ဗိမာန္ပိုင္ရွင္ကို တပည့္ေတာ္မတို႔ ေစာင့္ေမွ်ာ္ေနတဲ့ အေၾကာင္း ေျပာၾကား ေပးပါဘုရား။
ေကာင္းပါၿပီ ဒကာမတို႔ ဗိမာန္ပိုင္ရွင္ကို ေျပာၾကား ေပးပါ့မယ္။ အမည္နာမနဲ႔ ေနထိုင္တဲ့ ေနရပ္ေဒသကိုသာ ေလွ်ာက္ထားပါေလ။
မွန္လွပါ ဘုရား ပဲခူးတိုင္း၊ ျဖဴးၿမိဳ႕နယ္၊ ဝဲႀကီးေအာက္ခုံ႐ြာက ေဒၚကုလားမပါ ဘုရား။
ေဟာ ဆရာေတာ္ႀကီး သတိရလာၿပီ ေဟ့။ ေမာင္ပၪၨင္းတို႔ ငါေျပာတာကို စာ႐ြက္နဲ႔ ေသခ်ာ လိုက္ေရးထားစမ္း ကြဲ႕။
ပဲခူးတိုင္း၊ ျဖဴးၿမိဳ႕နယ္၊ ဝဲႀကီးေအာက္ခုံ႐ြာက ေဒၚကုလားမ တဲ့။
က်န္းမာေရးအေျခအေန ျပန္ေကာင္းလာတဲ့အတြက္ ဆရာေတာ္ႀကီးဟာ ေဆး႐ုံကေန ဆင္းၿပီးတဲ့အခါ
သူ မွတ္ခိုင္းထားတဲ့ လိပ္စာအတိုင္း ရဟန္းေတာ္ ၂ ပါးကို ေမာင္ပၪၨင္း တို႔ ဗိမာန္ပိုင္ရွင္ ဆီကို သြားပါ။
ဘာေၾကာင့္ မေသခင္ကပဲ နတ္ျပည္မွာ ဗိမာန္ ေပါက္တဲ့အထိ
ဘယ္လို ကုသိုလ္၊ ေကာင္းမႈေတြမ်ား ျပဳလုပ္သလဲ လို႔ ေသခ်ာ ေမးျမန္း၊ စုံစမ္းခဲ့ပါ ဆိုၿပီး ခိုင္းလိုက္ပါတယ္။
ဝဲႀကီးေအာက္ခုံ႐ြာမွာ ေဒၚကုလားမကို မသိတဲ့လူ မရွိေပ။ ေဒၚကုလားမက မုဆိုးမ ပါ။ သမီးေလးတစ္ေယာက္နဲ႔ ပဲျပဳတ္ ေရာင္းစားတယ္ တဲ့။
ရဟန္းေတာ္ ၂ ပါးဟာ ယိုင္နဲ႔နဲ႔ တဲေလးထဲ ဝင္သြားၿပီး ေဒၚကုလားမနဲ႔ ဆိုက္ဆိုက္၊ ၿမိဳက္ၿမိဳက္ ေတြ႕တဲ့အခါ
ဆရာေတာ္ႀကီး မိန႔္ၾကား လိုက္တဲ့အတိုင္း အက်ိဳးအေၾကာင္း ေျပာျပၿပီး ေဒၚကုလားမရဲ႕ ကုသိုလ္ ေကာင္းမႈေတြကို ေမးျမန္း ၾကပါတယ္။
အရွင္ဘုရား တို႔ တပည့္ေတာ္မက ဆင္းရဲပါတယ္ ဘုရား၊ တျခားသူေတြလို ေထာင္ေသာင္းခ်ီၿပီး
မလႉဒါန္း ႏိုင္ေပမဲ့ မနက္အာ႐ုဏ္ တစ္ႀကိမ္၊
ေန႔ဆြမ္း တစ္ႀကိမ္ေတာ့ ဘုရားရွင္ကို ေန႔တိုင္း၊ မပ်က္ မကြက္ ဆြမ္းကပ္ လႉဒါန္းပါတယ္ ဘုရား။
ဪ ဟုတ္လား၊ ဒါနဲ႔ ဒကာမႀကီးရဲ႕ ဘုရားရွင္ကို ဆြမ္းကပ္ လႉဒါန္းပုံကို ဦးဇင္းတို႔ သိပါရေစ ဒကာမႀကီး။ တင္ပါ့ ဘုရား
ဆြမ္းကပ္ လႉဒါန္းပုံ
တပည့္ေတာ္မဟာ မနက္အာ႐ုဏ္ တက္တာနဲ႔ အသင့္ခ်က္ၿပီးတဲ့ ဆြမ္းကို စားပြဲခုံနဲ႔ ေသခ်ာ ျပင္ဆင္ပါတယ္ ဘုရား။
လက္ေဆးေတာ္ေရ၊ ေသာက္ေတာ္ေရ၊ လက္သုပ္ပုဝါေတြ အျပည့္အစုံ တင္ၿပီး
သက္ေတာ္ထင္ရွား ဘုရားရွင္ကိုယ္တိုင္ ႂကြေရာက္ ဘုန္းေပး ေနသလို အာ႐ုံျပဳလို႔
ဒါက လက္ေဆးေတာ္ေရပါ ဘုရား၊ဒါက ေသာက္ေတာ္ေရပါ ဘုရား လို႔ ေလွ်ာက္ထား၊
ဆက္ကပ္ အနားကေန ယပ္ခတ္ၿပီးေတာ့ လႉဒါန္းပါတယ္ ဘုရား။ တပည့္ေတာ္မလည္း သူမ်ားေတြလိုသား၊
ငါးနဲ႔ ေသခ်ာခ်က္ျပဳတ္ၿပီး လႉဒါန္းခ်င္ေပမယ့္ မတတ္ႏိုင္တဲ့အတြက္ ေန႔စဥ္ ပဲျပဳတ္နဲ႔သာ လႉဒါန္း ႏိုင္ပါတယ္။
တခါတရံ ေဈးေရာင္းၿပီး ျပန္လာတဲ့ အခါ ငါးႏုပ္၊ ငါးဖြဲေလးမ်ား ဝယ္လာၿပီး တပည့္ေတာ္တို႔ မစားပဲ ဘုရားရွင္ကိုသာ လႉဒါန္းပါတယ္ ဘုရား။
ေကာင္းလိုက္တာ ဒကာမႀကီးရယ္ ဦးပၪၨင္းတို႔ လႈိက္လႈိက္လွဲလွဲ သာဓု ေခၚပါတယ္။
အင္း ဒါေၾကာင့္ ဒကာမႀကီးရဲ႕ အားႀကီးတဲ့ သဒၶါတရားေၾကာင့္ နတ္ျပည္မွာ ဗိမာန္ ႀကိဳေပါက္ ေနတာကိုး
ဒါနဲ႔ ခုလို လႉဒါန္းခဲ့တာ ဘယ္ေလာက္မ်ား ၾကာၿပီလဲ ဒကာမႀကီး။ မွန္လွပါ သမီးေလးတစ္သက္ အႏွစ္၊ ႏွစ္ဆယ္ တိုင္ခဲ့ပါၿပီ ဘုရား။
ဒကာမႀကီးရဲ႕ကုသိုလ္ကို ဦးပၪၨင္း တို႔ကိုလည္း အမွ် ေပးေဝပါ၊ သာဓု ေခၚဆို ပါရေစ ဒကာမႀကီး။
ဘုရားတပည့္ေတာ္မသည္ ဘုရားရွင္အား ရည္မွန္း၍ ေန႔စဥ္ ဝတ္မျပတ္ အာ႐ုဏ္ဆြမ္း၊ ေန႔ဆြမ္းမ်ား ဆပ္ကပ္၊
လႉဒါန္းရေသာ ေကာင္းမႈကုသိုလ္ အစုစုတို႔ကို အနႏၲ စၾကၤာဝ႒ာရွိ အနႏၲ သုံးဆယ့္တစ္ဘုံသား အားလုံးတို႔အား
မိမိ၏ ျဖဴစင္သန႔္ရွင္းေသာ ကုသိုလ္ကို ထပ္တူ၊ ထပ္မွ် ရႏိုင္ေစရန္ အမွ် အမွ် အမွ် ေပးေဝ ငွပါ၏။
ကုသိုလ္ အားလုံး ၾကားသူ အေပါင္း၊ မၾကားသူ အေပါင္း အမွ် အမွ် အမွ် ယူေတာ္ မူၾကပါကုန္ေလာ့၊ သာဓု သာဓု သာဓု
ဦးျမင့္ခိုင္
Crd…