ကြေညာပါလမ်းပိုင်းအား ယခုချိန်မှစ၍ လုံးဝ (လုံးဝ) ဖြတ်သန်းသွားလာခြင်း မပြုရန် အထူးသတိပေးကြေညာခြင်း…
မုံရွာ – ချောင်းဦးလမ်းပိုင်းအား ယနေ့ညပိုင်းမှစ၍ ဖြတ်သန်းသွားလာခြင်းမပြုရန် PDF သတိပေး
အောင်ဇေယျ/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်ရှိ မုံရွာ – ချောင်းဦးလမ်းပိုင်းအား ယနေ့ညပိုင်းမှစ၍ ဖြတ်သန်းသွားလာခြင်းမပြုရန်
မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း PDF-South Monywaက သတိပေး ကြေညာသည်။
ယနေ့ (ဇန်နဝါရီ ၁၂ ရက်)တွင် မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာ – ချောင်းဦးလမ်းပိုင်း၌ ပစ်ခတ်မှုများရှိနေ၍
အရေးပေါ်ကိစ္စမှအပ ယနေ့ည ၉ နာရီမှ နံနက် ၅နာရီအတွင်း လုံးဝ ဖြတ်သန်းသွားလာရေး မပြုကြရန်
PDF-South Monywaက သတိပေးသည်။
မုံရွာ – ချောင်းဦးလမ်းပိုင်း ယာယီပိတ်ရခြင်းနှင့်ပတ်သက်၍ PDF-South Monywa တာဝန်ခံ ဒေါင်းကာရံက
“ဒီနေ့ နေ့လယ်ကတည်းက တောပုကပျူတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပါတယ်။
ခုညပိုင်းလည်းအခြေအနေရှုပ်ထွေးနေဆဲပါ။”ဟု ပြောကြားသည်။
တောပုရွာပျူများနှင့် ဒေသကာကွယ်ရေးအဖွဲ့များ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။
(မုံရွာ – မန္တလေးလမ်းပိုင်းရှိ မုံရွာမြို့အဝင်တစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)
==================
Zawgyi
မုံ႐ြာ – ေခ်ာင္းဦးလမ္းပိုင္းအား ယေန႔ညပိုင္းမွစ၍ ျဖတ္သန္းသြားလာျခင္းမျပဳရန္ PDF သတိေပး
ေအာင္ေဇယ်/People’s Spring
စစ္ကိုင္းတိုင္း၊ မုံ႐ြာ – မႏၲေလးလမ္းမႀကီးေပၚရွိ မုံ႐ြာ – ေခ်ာင္းဦးလမ္းပိုင္းအား ယေန႔ညပိုင္းမွစ၍ ျဖတ္သန္းသြားလာျခင္းမျပဳရန္
မုံ႐ြာခ႐ိုင္အမွတ္(၁၁)တပ္ရင္း PDF-South Monywaက သတိေပး ေၾကညာသည္။
ယေန႔ (ဇန္နဝါရီ ၁၂ ရက္)တြင္ မုံ႐ြာ – မႏၲေလးလမ္းမႀကီး၏ မုံ႐ြာ – ေခ်ာင္းဦးလမ္းပိုင္း၌ ပစ္ခတ္မႈမ်ားရွိေန၍
အေရးေပၚကိစၥမွအပ ယေန႔ည ၉ နာရီမွ နံနက္ ၅နာရီအတြင္း လုံးဝ ျဖတ္သန္းသြားလာေရး မျပဳၾကရန္
PDF-South Monywaက သတိေပးသည္။
မုံ႐ြာ – ေခ်ာင္းဦးလမ္းပိုင္း ယာယီပိတ္ရျခင္းႏွင့္ပတ္သက္၍ PDF-South Monywa တာဝန္ခံ ေဒါင္းကာရံက
“ဒီေန႔ ေန႔လယ္ကတည္းက ေတာပုကပ်ဴေတြနဲ႔ ေဒသခံကာကြယ္ေရးတပ္ေတြနဲ႔ ထိေတြ႕တိုက္ပြဲျဖစ္ပြားေနပါတယ္။
ခုညပိုင္းလည္းအေျခအေနရႈပ္ေထြးေနဆဲပါ။”ဟု ေျပာၾကားသည္။
ေတာပု႐ြာပ်ဴမ်ားႏွင့္ ေဒသကာကြယ္ေရးအဖြဲ႕မ်ား မၾကာခဏ ထိေတြ႕တိုက္ပြဲမ်ား ျဖစ္ပြားေနသည္။
(မုံ႐ြာ – မႏၲေလးလမ္းပိုင္းရွိ မုံ႐ြာၿမိဳ႕အဝင္တစ္ေနရာအား ေတြ႕ရစဥ္၊ ဓာတ္ပုံ – CJ)