ဆယ်လီ အောင်ချမ်းအေး

ဆယ်လီ အောင်ချမ်းအေး

ဆယ်လီ အောင်ချမ်းအေး

“ဖေ့ဘွတ်ခ်ဆယ်လီ အောင်ချမ်းအေး ဖ-မ်းဆီးခံရ”

လူမှုကွန်ရက်မှာ ဟာသ နဲ့ ဘဝသရုပ်ဖော် ဗီဒီယိုတွေကြောင့်လူသိများတဲ့ ဖေ့ဘွတ်ခ်ဆယ်လီ အောင်ချမ်းအေး ဟာ မနေ့ ဇန်နဝါရီ ၂၂ရက် ညနေပိုင်းက

ကျိုက်ထိုမြို့ ၊ကော့ထင်း‌ရွာက သူ့ရဲ့ နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ‌နီးစပ်သူတွေကအတည်ပြုပါတယ်။

မေးမြန်းစရာရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လာရောက် ခေါ်ဆောင်တာဖြစ်ပြီး လက်ရှိမှာ သူ့ကို ကျိုက်ထိုရဲစခန်းမှာထိန်းသိမ်းထားတယ်လို့ ရပ်ကျေးအုပ်ချုပ်ရေးဘက်ကလည်းပြောပါတယ်။

“သူ့မိသားစုတွေနဲ့ ကျိုက်ထိုစခန်းလိုက်သွားတော့ ရဲကတော့ မေးစရာ၊ စစ်စရာရှိလို့ ခေါ်ထားတာလို့ပဲပြောတယ်။ သူပြန်လာတဲ့အချိန် လာခေါ်သွားတာပါ” လို့ ‌‌နီးစပ်သူတစ်ဦးကပြောပြပါတယ်။

အောင်ချမ်းအေးဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်သူဖြစ် ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက သူ့ရဲ့ စီးပွားရေးလုပ်ငန်းအတွက် မြန်မာနိုင်ငံကိုပြန်လာတာဖြစ်ပါတယ်။

ပြန်လာချိန် လုပ်ငန်းသဘောအရ ရန်ကုန်မြို့မှာနေထိုင်တာဖြစ်ပေမဲ့ ကျိုက်ထိုက သူ့အိမ်ကို ခဏပြန်လာချိန်မှာဖမ်းဆီးခံရတာလို့ ဒေသခံအချို့ကပြောပါတယ်။

ရပ်ကျေးအာဏာပိုင်တွေရဲ့ အပြောအရ အောင်ချမ်းအေးဟာ စစ်အာဏာသိမ်းပြီးစအချိန်မှာ စစ်တပ်ကိုဆန့်ကျင်ဆန္ဒပြတာတွေလုပ်လို့ ပုဒ်မ ၅၀၅ တပ်ခံထားရတာဖြစ်တယ် လို့ဆိုပါတယ်။

နီးစပ်သူတွေကတော့ အာဏာသိမ်းစအချိန်က အများနည်းတူဆန္ဒထုတ်ဖော်တာရှိခဲ့ပေမဲ့ စစ်တပ်သတင်းပေးတွေကြောင့် ပိုပြီး သတိထားခံခဲ့ရတာဖြစ်တယ်လို့ပြောကြပါတယ်။

Source – BBC

Zawgyi Version ဖြင့်ဖတ်ရန်

Leave a Reply

Your email address will not be published. Required fields are marked *