မန္တလေးမှာ အမျိုးသမီးတစ်ဦး အ-က်ဆစ်နဲ့ အပက်ခံရပြီး

မန္တလေးမှာ အမျိုးသမီးတစ်ဦး အက်ဆစ်နဲ့ အပက်ခံရပြီး မျက်နှာ စု-တ်ပြ-တ်သွားတယ်

MFP ၊ ႏိုဝင္ဘာ – ၂၄

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၃၆)လမ်းနှင့် (၇၈)လမ်း အနီးမှာ မနေ့က ညနေပိုင်း အသက်(၃၀)အရွယ် အမျိုးသမီး တစ်ဦးကို ဆိုင်ကယ်စီး လူနှစ်ဦးက အက်ဆစ်နဲ့ ပက်လို့ မျက်နှာမှာ ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ(၂၃)ရက် ညနေ(၅)နာရီခွဲက မဟာအောင်မြေမြို့နယ်၊ (၃၆)လမ်း၊ (၇၈)လမ်းနဲ့ (၇၉)လမ်းကြားမှာ အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက နောက်ကနေ အက်ဆစ်နဲ့ ခေါင်းပေါ်က လောင်းချ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

“ဘာကြောင့် အက်ဆစ်နဲ့ ပက်သွားတယ်ဆိုတာ မသိရသေးဘူး၊ အပက်ခံရတဲ့ အမျိုးသမီးကတော့ မျက်နှာ စုတ်ပြတ်သွားတယ် “ လို့ အနီးဝန်းကျင်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

အက်ဆစ်နဲ့ အပက်ခံရတာကြောင့် အမျိုးသမီးရဲ့ မျက်နှာနဲ့ ဦးခေါင်းတို့မှာ ဒဏ်ရာ ရရှိခဲ့ပြီး အသက်အန္တရာယ် ဆေးကုသမှု ခံယူနေရပြီး ရွှေချည်စေတနာ ရှာဖွေကယ်ဆယ်ရေး အသင်းက ဆေးရုံပို့ပေးခဲ့တာလို့ ဆိုပါတယ်။

မန္တလေးမှာ အမျိုးသမီးတစ်ဦး အက်ဆစ်နဲ့ အပက်ခံရပြီး မျက်နှာ စု-တ်ပြ-တ်သွားတယ်

MFP ၊ နိုဝင်ဘာ – ၂၄

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၃၆)လမ်းနှင့် (၇၈)လမ်း အနီးမှာ မနေ့က ညနေပိုင်း အသက်(၃၀)အရွယ် အမျိုးသမီး တစ်ဦးကို ဆိုင်ကယ်စီး လူနှစ်ဦးက အက်ဆစ်နဲ့ ပက်လို့ မျက်နှာမှာ ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ(၂၃)ရက် ညနေ(၅)နာရီခွဲက မဟာအောင်မြေမြို့နယ်၊ (၃၆)လမ်း၊ (၇၈)လမ်းနဲ့ (၇၉)လမ်းကြားမှာ အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက နောက်ကနေ အက်ဆစ်နဲ့ ခေါင်းပေါ်က လောင်းချ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

“ဘာကြောင့် အက်ဆစ်နဲ့ ပက်သွားတယ်ဆိုတာ မသိရသေးဘူး၊ အပက်ခံရတဲ့ အမျိုးသမီးကတော့ မျက်နှာ စုတ်ပြတ်သွားတယ် “ လို့ အနီးဝန်းကျင်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

အက်ဆစ်နဲ့ အပက်ခံရတာကြောင့် အမျိုးသမီးရဲ့ မျက်နှာနဲ့ ဦးခေါင်းတို့မှာ ဒဏ်ရာ ရရှိခဲ့ပြီး အသက်အန္တရာယ် ဆေးကုသမှု ခံယူနေရပြီး ရွှေချည်စေတနာ ရှာဖွေကယ်ဆယ်ရေး အသင်းက ဆေးရုံပို့ပေးခဲ့တာလို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *