မန္တလေးမြို့တော်ဝန်ဟောင်းဒေါက်တာရဲလွင် တိုက်ပိတ်ခံရ

မန္တလေးမြို့တော်ဝန်ဟောင်းဒေါက်တာရဲလွင် အပါအဝင် အစိုးရအဖွဲ့ဝင်ဟောင်း တချို့ကို အိုးဘိုထောင်မှာ တိုက်ပိတ်ထားတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

ဘာကြောင့်တိုက်ပိတ်ထားရသလဲဆိုတဲ့ အကြောင်းရင်းကို အတိအကျမသိရပေမဲ့ မန္တလေး အိုးဘိုအကျဉ်းထောင်ကို နေပြည်တော်ကောင်စီဝင်ဟောင်း ဦးမင်းသူ နဲ့ နိုင်ငံရေးအကျဉ်းသားတချို့ရောက်လာပြီးတဲ့နောက် အခုလိုတိုက်ပိတ်လိုက်တာလို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ဒီအပတ် တနင်္လာနေ့က စပြီး ဆရာတို့ အကုန်လုံးကို တိုက်ပိတ်ပစ်လိုက်တယ်။ လမ်းလျှောက်ခွင့်ကို တစ်နာရီပဲ ပေးတယ်။ ဆရာတို့အခန်းတွေကိုလည်း မွှေနှောက်ရှာဖွေတယ်’’ သူက ပြောပါတယ်။

ဒေါက်တာရဲလွင်နဲ့ မန္တလေးစည်ပင်ကော်မတီဝင်ဟောင်းဦးကျော်ဇေယျတို့ကို ပုဒ်မ ၄၀၉ နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှုနဲ့ နိုဝင်ဘာ ၂၃ ရက်မှာ ရုံးထုတ်ခဲ့ပါတယ်။

ဒေါက်တာရဲလွင် တို့တိုက်ပိတ်ခံရတဲ့ အကြောင်းနဲ့ ပက်သက်လို့ အကျဉ်းဦးစီးဌာနကို ဘီဘီစီက ဆက်သွယ်မေးမြန်းနေပေမဲ့ နိုဝင်ဘာ ၂၄ ရက် ညပိုင်းအထိ အဆက်အသွယ်မရရှိသေးပါဘူး။

BBC

မန္တလေးမြို့တော်ဝန်ဟောင်းဒေါက်တာရဲလွင် အပါအဝင် အစိုးရအဖွဲ့ဝင်ဟောင်း တချို့ကို အိုးဘိုထောင်မှာ တိုက်ပိတ်ထားတယ်လို့ အကျဥ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *