မြန်မာနိုင်ငံ၏ အလယ်ဗဟိုချက်မ တည်ရှိရာနေရာ
ျမန္မာႏိုင္ငံ အလယ္ဗဟိုခ်က္မတည္ရွိရာေနရာသည္ ျမန္မာႏိုင္ငံအလယ္ပိုင္း၊ မႏၲေလးတိုင္း၊ ေက်ာက္ဆည္ခ႐ိုင္၊ ျမစ္သားၿမိဳ႕နယ္၊ ကူမဲၿမိဳ႕ ျမသုခ႐ြာအနီးရွိ ျပကၡေ႐ြေတာင္ေပၚတြင္တည္ရွိသည္။
ကမာၻ႔တည္ေနရာျပ စနစ္ (GPS) တိုင္းတာခ်က္အရ ေျမာက္လတၱီတြဒ္ ၂၁ ဒီဂရီ ၁၂.၆၉၅ မိနစ္၊
အေရွ႕ ေလာင္ဂ်ီတြဒ္ ၉၆ ဒီဂရီ ၁၄.၇၅၉ မိနစ္တြင္တည္ရွိသည္။ ျမန္မာႏိုင္ငံ အလယ္ဗဟိုခ်က္မအမွတ္အသား ေက်ာက္တိုင္ တစ္ခုကို ျမန္မာႏိုင္ငံေျမတိုင္းအဖြဲ႕မွ စိုက္ထူထားသည္။
ျပကၡေ႐ြ႕ေတာင္ေပၚရွိ ျပကၡေ႐ြေစတီေတာ္အနီးတြင္ေတြ႕ႏိုပါသည္။ ျပကၡေ႐ြ႕ေတာင္သည္ ၃၇၅ဝ ေပျမင့္သည္။
ေတာင္ထိပ္ေပၚတြင္ အေနာ္ရထာမင္းတည္ ထား ကိုးကြယ္ခဲ့ေသာ သမိုင္းဝင္ ေရွးေဟာင္းေစတီတည္ရွိသည္။
ပုဂံအေနာ္ရထာမင္းသည္ ဗုဒၶျမတ္စြာစြယ္ေတာ္ပြားမ်ားကို ပုဂံ တန႔္ၾကည္ေတာင္၊ တူု႐ြင္းေတာင္၊ ေလာကနႏၵာႏွင့္ ေ႐ႊစည္းခုံ ေစတီေတာ္တို႔တြင္ ဌာပနာထားတည္ခဲ့ၿပီး
ေနာက္ဆုံး ပၪၥမေျမာက္စြယ္ေတာ္ပြားကို ျမစ္သားၿမိဳ႕အေရွ႕ေတာင္ဘက္ ျပကၡေ႐ြ႕ေတာင္ေပၚရွိ ျပကၡေ႐ြ႕ေစတီေတာ္မွာ ဌာပနာထားခဲ့ေလသည္။
အေနာ္ရထာမင္းလက္ထက္တြင္ ေက်ာက္ဆည္ခ႐ိုင္ရွိ ျပကၡေ႐ြေတာင္၊ ကယြတ္ေတာင္တို႔မွက်ေသာေရကို အထပ္ထပ္စစ္ကာ ေရေသာက္ကန္ျပဳလုပ္ခဲ့ေၾကာင္း သမိုင္းအေထာက္အထား မ်ား အရေတြ႕ရွိရေပသည္။ ထိုေစတီကိုလည္း ျပကၡေ႐ြ႕မဟာစြယ္ေတာ္ေစတီဟု ယေန႔တိုင္ေခၚေလသည္။
Credit : Myat Ko Thwin
Zawgyi
မြန်မာနိုင်ငံ အလယ်ဗဟိုချက်မတည်ရှိရာနေရာသည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့ မြသုခရွာအနီးရှိ ပြက္ခရွေတောင်ပေါ်တွင်တည်ရှိသည်။
ကမ္ဘာ့တည်နေရာပြ စနစ် (GPS) တိုင်းတာချက်အရ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂.၆၉၅ မိနစ်၊
အရှေ့ လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၄.၇၅၉ မိနစ်တွင်တည်ရှိသည်။ မြန်မာနိုင်ငံ အလယ်ဗဟိုချက်မအမှတ်အသား ကျောက်တိုင် တစ်ခုကို မြန်မာနိုင်ငံမြေတိုင်းအဖွဲ့မှ စိုက်ထူထားသည်။
ပြက္ခရွေ့တောင်ပေါ်ရှိ ပြက္ခရွေစေတီတော်အနီးတွင်တွေ့နိုပါသည်။ ပြက္ခရွေ့တောင်သည် ၃၇၅ဝ ပေမြင့်သည်။
တောင်ထိပ်ပေါ်တွင် အနော်ရထာမင်းတည် ထား ကိုးကွယ်ခဲ့သော သမိုင်းဝင် ရှေးဟောင်းစေတီတည်ရှိသည်။
ပုဂံအနော်ရထာမင်းသည် ဗုဒ္ဓမြတ်စွာစွယ်တော်ပွားများကို ပုဂံ တန့်ကြည်တောင်၊ တူုရွင်းတောင်၊ လောကနန္ဒာနှင့် ရွှေစည်းခုံ စေတီတော်တို့တွင် ဌာပနာထားတည်ခဲ့ပြီး
နောက်ဆုံး ပဉ္စမမြောက်စွယ်တော်ပွားကို မြစ်သားမြို့အရှေ့တောင်ဘက် ပြက္ခရွေ့တောင်ပေါ်ရှိ ပြက္ခရွေ့စေတီတော်မှာ ဌာပနာထားခဲ့လေသည်။
အနော်ရထာမင်းလက်ထက်တွင် ကျောက်ဆည်ခရိုင်ရှိ ပြက္ခရွေတောင်၊ ကယွတ်တောင်တို့မှကျသောရေကို အထပ်ထပ်စစ်ကာ ရေသောက်ကန်ပြုလုပ်ခဲ့ကြောင်း သမိုင်းအထောက်အထား များ အရတွေ့ရှိရပေသည်။ ထိုစေတီကိုလည်း ပြက္ခရွေ့မဟာစွယ်တော်စေတီဟု ယနေ့တိုင်ခေါ်လေသည်။
Credit : Myat Ko Thwin