အကျဥ်းထောင်ထဲမှာ ခံစားခဲ့ရတဲ့ဝေဒနာတွေကို ဝမ်းနည်းစွာဖော်ကျူးထားတဲ့ သီချင်းလေးထွက်လာရင် နားထောင်ပေးကြပါအုန်း ဆိုတဲ့ ပိုပို

အကျဥ်းထောင်ထဲမှာ ခံစားခဲ့ရတဲ့ဝေဒနာတွေကို ဝမ်းနည်းစွာဖော်ကျူးထားတဲ့ သီချင်းလေးထွက်လာရင် နားထောင်ပေးကြပါအုန်း ဆိုတဲ့ ပိုပို

အဆိုတော် ပိုပို ကတော့ သီချင်းချိုချိုအေးအေးလေးတွေကို ပရိသတ်တွေရဲ့ ရင်ထဲထိရောက်အောင် သီဆိုနိုင်တာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲအဆိုတော်မလေးတစ်ဦးဖြစ်ပါတယ်။

 

သူမရဲ့ ယောက်ကျားဆန်ဆန်ပုံစံလေးကလဲ ပရိသတ်တွေအတွက် တစ်မူထူးခြားလွန်းတာကြောင့် ပိုမိုချစ်ခင်ကြရပြန်ပါတယ်။ပိုပို ရဲ့ထွက်သမျှသီချင်းတိုင်းဟာ နာမည်ကြီးကျော်ကြားခဲ့ပြီး ပရိသတ်တွေ စောင့်ကြည့်အားပေးရတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

 

သူမ ဟာ သီချင်းဆိုရာမှာတော်လွန်းရုံမက အမှန်တရားအတွက် ပြည်သူတွေနဲ့အတူရပ်တည်ခဲ့ပါသေးတယ်။ဒါကြောင့်လဲ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံရပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီးနောက် လက်ရှိအချိန်မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါပြီ။

 

အကျဥ်းထောင်ထဲကနေ ပြန်လည်လွတ်မြောက်လာပြီးနောက် သူမရဲ့ပထမဆုံးသီချင်းလေးအဖြစ် အိမ်လွမ်းနာ ဆိုတဲ့ သီချင်းလေးမကြာခင်ထွက်ရှိတော့မှာ ဖြစ်ပါတယ်။

၁၂လပိုင်း ပထမအပတ်မှာ Music Video လေးထွက်ရှိလာတော့မှာဖြစ်ပြီး ပရိသတ်တွေကို စိတ်ရှည်ရှည်နဲ့စောင့်ပေးကြဖို့ တောင်းဆိုထားပါတယ်။သူမ team လေးနဲ့အတူ ကြိုးစားသီဆိုထားတဲ့ သီချင်းလေးထွက်ရှိလာရင် နားထောင်ပေးကြပါအုန်းလို့ ရေးသားထားပါတယ်။

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *