ကရင်ပြည်နယ်က တဝန်ဖန်ရရွာလေးမှာ သဘာဝမှိုတွေ လှိုင်လှိုင်ပေါက်နေလို့ ပြည်သူတွေ ဝမ်းသာအားရ မှိုနှုတ်နေကြတဲ့ပုံရိပ်များ

ကရင်ပြည်နယ်က တဝန်ဖန်ရရွာလေးမှာ သဘာဝမှိုတွေ လှိုင်လှိုင်ပေါက်နေလို့ ပြည်သူတွေ ဝမ်းသာအားရ မှိုနှုတ်နေကြတဲ့ပုံရိပ်များ

ကရင်ပြည်နယ်က တဝန်ဖန်ရရွာလေးမှာ သဘာဝမှိုတွေ လှိုင်လှိုင်ပေါက်နေလို့ ပြည်သူတွေ ဝမ်းသာအားရ မှိုနှုတ်နေကြတဲ့ပုံရိပ်များ

 

မနေ့က လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့လာတဲ့ ပုံရိပ်တစ်ချို့ကို ပြည်သူတွေအတွက် ဖော်ပြပေးချင်ပါတယ်။ ဒီပုံတွေကတော့ ကရင်ပြည်နယ်က ရွာလေးတစ်ရွာမှာ သဘာဝမှိုတွေ ပေါပေါများများပေါက်နေလို့ ပြည်သူတွေ ပျော်ပျော်ရွှင်ရွှင် မှိုခူးနေကြတဲ့ပုံရိပ်တွေပဲ ဖြစ်ပါတယ် ။ ပုံထဲမှာဆိုရင် ပြည်သူတွေက မှိုပေါက်နေတဲ့နေရာမှာ မိသားစုလိုက် မှိုလာနှုတ်နေကြတာ ဖြစ်ပါတယ် ။

 

ကရင်ပြည်နယ်၊လှိုင်းဘွဲ့က တဝန်ဖန်ရရွာမှာရှိတဲ့ ကရင်မိသားစုတွေကတော့ မှိုနှုတ်ရင်း ပျော်ရွှင်နေကြတာ ဖြစ်ပါတယ် ။ မြေကြီးပေါ်မှာ အစုလိုက်အပြုံလိုက် အဖွေးသားပေါက်နေတဲ့ မှိုတွေကို အုပ်စုလိုက်ဝိုင်းဖွဲ့ပြီး နှုတ်နေကြတဲ့ ပြည်သူတွေရဲ့ပုံရိပ်တွေကလည်း တကယ့်ကို ပျော်ရွှင်စရာကောင်းနေတာ ဖြစ်ပါတယ် ။ တစ်ချို့ကတော့ မှိုတွေခူးရင်း မှိုရတဲ့မျက်နှာနဲ့ ပြုံးရွှင်ရယ်မောလို့ နေတာပဲ ဖြစ်ပါတယ် ။

 

ဒီပုံတွေကိုမျှဝေခဲ့တဲ့ ပြည်သူတစ်ဦးကတော့ သူတို့ဆီမှာ မှိုတွေထွက်လွန်းလို့ ရောင်းဖို့စျေးတောင်မရှိတော့ကြောင်း ပြောပြထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် နောက်နှစ်မှိုပြန်ထွက်အောင် တစ်ချို့ပြည်သူတွေက မှိုကိုထိုင်ပြီး မနှုတ်ကြတဲ့အကြောင်း ပြောပြထားပါသေးတယ်။

တစ်နှစ်မှသာ တစ်ခါထွက်လာတဲ့ သဘာဝမှိုတွေကတော့ ပြည်သူတွေအတွက် သဘာဝကပေးတဲ့ လက်ဆောင်ကောင်းတစ်ခုပဲ ဖြစ်ပါတယ် ။ ကရင်ပြည်နယ်က တဝန်ဖန်ရွာလေးမှာ ကရင်ပြည်သူတွေ မှိုခူးနေကြတဲ့ ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source & Photo Credit-Saw Chaint Paung’s FB Acc

ကရင္ျပည္နယ္က တဝန္ဖန္ရ႐ြာေလးမွာ သဘာဝမႈိေတြ လႈိင္လႈိင္ေပါက္ေနလို႔ ျပည္သူေတြ ဝမ္းသာအားရ မႈိႏႈတ္ေနၾကတဲ့ပုံရိပ္မ်ား

မေန႔က လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ပ်ံ႕ႏွံ့လာတဲ့ ပုံရိပ္တစ္ခ်ိဳ႕ကို ျပည္သူေတြအတြက္ ေဖာ္ျပေပးခ်င္ပါတယ္။ ဒီပုံေတြကေတာ့ ကရင္ျပည္နယ္က ရြာေလးတစ္ရြာမွာ သဘာဝမွိုေတြ ေပါေပါမ်ားမ်ားေပါက္ေနလို႔ ျပည္သူေတြ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ မွိုခူးေနၾကတဲ့ပုံရိပ္ေတြပဲ ျဖစ္ပါတယ္ ။ ပုံထဲမွာဆိုရင္ ျပည္သူေတြက မွိုေပါက္ေနတဲ့ေနရာမွာ မိသားစုလိုက္ မွိုလာႏႈတ္ေနၾကတာ ျဖစ္ပါတယ္ ။

ကရင္ျပည္နယ္၊လွိုင္းဘြဲ႕က တဝန္ဖန္ရရြာမွာရွိတဲ့ ကရင္မိသားစုေတြကေတာ့ မွိုႏႈတ္ရင္း ေပ်ာ္ရႊင္ေနၾကတာ ျဖစ္ပါတယ္ ။ ေျမႀကီးေပၚမွာ အစုလိုက္အျပဳံလိုက္ အေဖြးသားေပါက္ေနတဲ့ မွိုေတြကို အုပ္စုလိုက္ဝိုင္းဖြဲ႕ၿပီး ႏႈတ္ေနၾကတဲ့ ျပည္သူေတြရဲ့ပုံရိပ္ေတြကလည္း တကယ့္ကို ေပ်ာ္ရႊင္စရာေကာင္းေနတာ ျဖစ္ပါတယ္ ။ တစ္ခ်ိဳ႕ကေတာ့ မွိုေတြခူးရင္း မွိုရတဲ့မ်က္ႏွာနဲ႔ ျပဳံးရႊင္ရယ္ေမာလို႔ ေနတာပဲ ျဖစ္ပါတယ္ ။

ဒီပုံေတြကိုမၽွေဝခဲ့တဲ့ ျပည္သူတစ္ဦးကေတာ့ သူတို႔ဆီမွာ မွိုေတြထြက္လြန္းလို႔ ေရာင္းဖို႔ေစ်းေတာင္မရွိေတာ့ေၾကာင္း ေျပာျပထားတာ ျဖစ္ပါတယ္ ။ ဒါ့အျပင္ ေနာက္ႏွစ္မွိုျပန္ထြက္ေအာင္ တစ္ခ်ိဳ႕ျပည္သူေတြက မွိုကိုထိုင္ၿပီး မႏႈတ္ၾကတဲ့အေၾကာင္း ေျပာျပထားပါေသးတယ္။

တစ္ႏွစ္မွသာ တစ္ခါထြက္လာတဲ့ သဘာဝမွိုေတြကေတာ့ ျပည္သူေတြအတြက္ သဘာဝကေပးတဲ့ လက္ေဆာင္ေကာင္းတစ္ခုပဲ ျဖစ္ပါတယ္ ။ ကရင္ျပည္နယ္က တဝန္ဖန္ရြာေလးမွာ ကရင္ျပည္သူေတြ မွိုခူးေနၾကတဲ့ ပုံေလးေတြကို ျပန္လည္မၽွေဝေပးလိုက္ပါတယ္။

Source & Photo Credit-Saw Chaint Paung’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *