သိန်းတစ်သောင်းခွဲဆုရှင် ဘုန်းကြီး ဦးစန္ဒိမာ လပိုင်းအတွင်းထောင်ဒဏ်မှလွတ်လာ

သိန်းတစ်သောင်းခွဲဆုရှင် ဘုန်းကြီး ဦးစန္ဒိမာ

သိန်းတစ်သောင်းခွဲဆုရှင် ဘုန်းကြီးမုဒိ–မ်းမှု ထောင်ဒဏ်မှ လပိုင်းဖြင့် လွတ်လာ

အရပ်သားအစိုးရလက်ထက်တွင် မုဒိမ်းမှုဖြင့် လူဝတ်လဲ ဖမ်းဆီးခံရသူ နေပြည်တော်မှ ဦးစန္ဒိမာမှာ စစ်အာဏာရှင်ခေတ်တွင် ထောင်ဒဏ် ၇ နှစ်ကျပြီး လပိုင်းအတွင်း ပြန်လွတ်လာသည်။

ဤဗုဒ္ဓဘာသာဘုန်းတော်ကြီးသည် ကနဦးတွင် ကျပ်ငွေသိန်းပေါင်းသောင်းချီသည့် ထီဆုကြီးကို ပေါက်သည်။ မကြာမီတွင် သူသည် သူ့ကျောင်းသို့ ဝင်ထွက်ပြုနေသော ဒကာမတစ်ဦးကို အဓမ္မပြုကျင့်သည်ဟူသော စွပ်စွဲချက်ဖြင့် ထောင် ၇ နှစ် ချခံရသည်။သို့ရာတွင် သူသည် ထောင်ထဲတွင် နှစ်လတာသာနေရပြီး ထောင်မှ လွတ်မြောက်လာပြီဖြစ်သည်။

ထိုကဲ့သို့ ဘဝအချိုးအဆစ်များ လျှင်မြန်စွာတွေ့ကြုံရသည်မှာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ အေးမေတ္တာစံ ပရဟိတ တောင်နီလေးကျောင်းထိုင် ဘုန်းတော်ကြီး ဦးစန္ဒိမာဖြစ်သည်။

ဗုဒ္ဓဘာသာဘုန်းတော်ကြီးတို့မည်သည် ငွေကြေးနှင့် ပစ္စည်းလာဘ်လာဘများကို ရှောင်ပယ်ကာ အလိုလောဘများကို လျော့ပါးသထက်လျော့ပါးအောင် ကျင့်ကြံရမည်ဟူ၍ ယျေဘုယျ ယူဆချက်ရှိသည်။ သို့ရာတွင် အေးမေတ္တာစံ ပရဟိတ တောင်နီလေးကျောင်းထိုင်ဘုန်းကြီးဖြစ်သူ ဦးစန္ဒိမာမှာမူ သူရရှိသည့် အလှုခံငွေများကိုသုံးကာ အောင်ဘာလီထီပုံမှန်ထိုးပြီး သူဌေးဖြစ်ရန် စိတ်ကူးယဉ်ခဲ့သူဖြစ်သည်။

သူစိတ်ကူးယဉ်ခဲ့သည့်အတိုင်း လွန်ခဲ့သည့်သုံးနှစ် ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံအစိုးရ ပထမဆုံးဖွင့်လှစ်သည့် ကျပ်သိန်းတစ်သောင်းခွဲတန်ထီဆုကြီးကို သူကံထူးခဲ့သည်။ သို့သော် ထီပေါက်ပြီး တစ်နှစ်ကျော်အကြာတွင် မုဒိန်းမှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။

အေးမေတ္တာစံ ပရဟိတ ကျောင်းရှိ တိုင်းရင်းသား အမျိုးသား၊ အမျိုးသမီးငယ်များကို ဂျပန်စာသင်ပေး နေသည့် အသက် ၃၃နှစ် ကျော် သားသည်မိခင်တစ်ဦးက ဦးစန္ဒိမာကို ပုဒ်မ၃၇၆ဖြင့် အရပ်သား အစိုးရ လက်ထက် ၂၀၂၀၊ ဒီဇင်ဘာလကုန်တွင် ဗုဗ္ဗသီရိမြို့နယ် ထုံးဘို ရဲစခန်း၌ အမှုဖွင့်သည်။ထိုအမှုကို ပုဒ်မ၃၇၆ဖြင့် ပုဗ္ဗသီရိမြို့နယ် တရားရုံးက နှစ်နှစ်နီးပါး စစ်ဆေးခဲ့ပြီး စက်တင်ဘာလ အတွင်းတွင် ထောင်ဒဏ်သတ်မှတ်ခဲ့သော်လည်း အာဏာသိမ်းစစ်ဌာနချုပ်ရုံးစိုက်ရာ ဇေယျာသီရိခရိုင် တရားရုံးက ယခုနှစ် နိုဝင်ဘာ ၂၅ရက်တွင် အပြစ်မှ လွှတ်ပေးသည်။

နေပြည်တော်နှင့် မိုင် ၆၀ ဝန်းကျင် ဝေးသည့် မန္တလေးတိုင်း ရမည်းသင်းမြို့ အကျဉ်းထောင်မှ ပြန်လွတ် လာသည့် ဦးစန္ဒိမာ ကျန်းမာရေးကောင်းသည်ဟု ၎င်း၏ ရှေ့နေ ဦးစိုးသူရလှိုင်က ပြောသည်။ ဦးစန္ဒိမာ ယခု မည်သည့် နေရာတွင်ရှိနေသည်ကိုမူ ဦးစိုးသူရလှိုင်က ထုတ်ဖော်ပြောဆိုခြင်းမပြုပေ။

“အယူခံတက်လိုက်တဲ့အခါမှာ အောက်ရုံး (မြို့နယ်ရုံး) အမိန့်ကို ပယ်ဖျက်ပြီးတော့ အပြီးသတ် လွတ်သွားတာဗျ”ဟု ၎င်းက ပြောသည်။ ဇေယျာသီရိခရိုင် တရားသူကြီးမှာ ဦးမျိုးကျော်အောင် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဦးစန္ဒိမာ မုဒိမ်းမှုဖြင့် အမှုဖွင့်မခံရမီ တစ်ရက်အလို ၂၀၂၀ ဒီဇင်ဘာ ၃၀ တွင် အေးမေတ္တာစံလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ Myanmar Now က ရောက်ရှိလေ့လာဖူးသည်။ ကျောင်းအဝင်ဝ လူမြင်သာသည့် သစ်ပင်တစ်ပင်တွင် သတိပေးစာ တစ်ခုကပ်ထားပြီး ဧည့်သည်များ ကျောင်းသို့လာလျှင် မဝေဖန်ရန်၊ မကဲ့ရဲ့ရန်၊ ငွေမချေးရန် ရေးထားသည်။

ဓမ္မာရုံကြီးတစ်ခုထဲတွင် အနောက်တိုင်း ဒစ်စကိုတေးသွားအတိုင်း အကလေ့ကျင့်နေသည့် အမျိုးသမီး ငယ် ၃၀ ထက်မနည်းကို တွေ့ရပြီး ထိုအဖွဲ့ကို ဦးစန္ဒိမာ၏ ကျောင်းမှ အသက် ၃၀ ဝန်းကျင်အရွယ်ရှိ ဘုန်းကြီးတစ်ပါး ကြီးကြပ်နေသည်ကို တွေ့ရသည်။

၎င်း၏ ပရဟိတဂေဟာတွင် ရှမ်း၊ ကယား၊ ကချင်၊ ချင်း၊ ကရင်ပြည်နယ်များမှ တိုင်းရင်းသား အမျိုးသား၊ အမျိုးသမီး လူငယ် ၂၅၀ ခန့်ရှိကြောင်း၊ ၂ နှစ်ကျော်အရွယ်မှစ၍ တက္ကသိုလ်တွင် ဂုဏ်ထူးတန်းတက်နေသည့်အရွယ်အထိ ရှိကြောင်း၊ ကျောင်းကို မည်ကဲ့သို့ စည်းကမ်းတင်းကျပ်စွာ အုပ်ချုပ်ကြောင်း ဦးစန္ဒိမာက ထိုစဉ်က ပြောပြဖူးသည်။ ဘုန်းကြီးကျောင်းဝင်းအတွင်း အမျိုးသမီးငယ် များ နိုင်ငံခြားအက လေ့ကျင့်နေသည့် ကိစ္စနှင့် ပတ်သက်၍မူ ၎င်းထံမှ မှတ်ချက်ရရှိခြင်းမရှိပေ။

“ဓမ္မာရုံရဲ့ တောင်ဘက်မှာ ကျောင်းသားယောက်ျားလေးတွေ ထားတယ်။ မြောက်ဘက်အခြမ်းမှာ ကျောင်းသူမိန်းကလေးတွေ ထားပါတယ်။ ကိစ္စဝိစ္စ မရှိဘဲနဲ့ ယောက်ျားလေးတွေဆိုရင် ဓမ္မာရုံရဲ့မြောက်ဘက်ကို မလာရဘူး။ မိန်းကလေးတွေလည်း ဓမ္မာရုံရဲ့ တောင်ဘက်ကို ကိစ္စဝိစ္စမရှိဘဲ မလာရဘူး။ အဲဒီတော့ စည်းကမ်းကြီးတယ်ဆိုတာလည်း ကိုယ့်အတွက် မဟုတ်ပါဘူး။ သူတို့အတွက်ပါ” ဟု ဦးစန္ဒိမာက ဆိုခဲ့သည်။

၂၀၀၉-၂၀၁၀ ပညာသင်နှစ်တွင် စတင်ထူထောင်ခဲ့သည့် ဦးစန္ဒိမာ၏ အေးမေတ္တာစံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသည် လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ဒုတိယအဆင့်ရရှိထားသည့်ကျောင်းဖြစ်ပြီး မုဒိန်းမှုဖြင့် အမှုဖွင့်ခံရသည့် ၂၀၂၀ နှစ်ကုန်ပိုင်းမှစ၍ ကျောင်း၏ အခြေအနေကို အရပ်သားအစိုးရက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်တပ် အာဏာသိမ်းပြီးနောက် ထိုပရဟိတဂေဟာအား မည်သို့ဆက်လက်လည်ပတ်နေသည်ကို ရှင်းလင်းစွာမသိရတော့ပေ။

ဦးစန္ဒိမာမှာ အသက် ၅၀ ခန့်၊ ဘုန်းကြီးအဖြစ် ၂၇ ဝါထက်မနည်းရှိပြီဟု ၎င်း၏ ဒကာရင်းတစ်ဦးက ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ပြောပြခဲ့သည်။ ဦးစန္ဒိမာသည် နေပြည်တော်ရှိ အာဏာပိုင် အသိုင်းအဝိုင်းနှင့် နီးစပ်သူ ဖြစ်ပြီး အာမခံမရသည့် ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခံရပြီးနောက် ရဲတပ်ဖွဲ့က လူဝတ်လဲ ဖမ်းဆီးနိုင်ရန် အချိန် ယူကြိုးပမ်းခဲ့ရသည်။

၂၀၂၂၊ နိုဝင်ဘာ ရမည်းသင်းအကျဉ်းထောင်မှ ပြန်လွတ်ပြီးနောက်တွင် အေးမေတ္တာစံ ပရဟိတ တောင်နီလေးကျောင်းသို့ ဦးစန္ဒိမာ ပြန်လည်နေထိုင်ခြင်းရှိမရှိ စုံစမ်းနေဆဲဖြစ်သည်။ အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ် တစ်ဦး၏ အဆိုအရ ဦးစန္ဒိမာမှာ ရမည်းသင်းမြို့၌ပင် ရှိနေသေးကြောင်း သိရသည်။ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဦးစန္ဒိမာ အပြစ်မှလွတ်လာသည့် အပေါ် တရားလို အမျိုးသမီး၏ သဘောထား မသိရသေးပေ။ တိုင်တန်းသူ အမျိုးသမီးနှင့် ၂၀၂၁ ဇန်နဝါရီတွင် Myanmar Now ကတွေ့ဆုံခွင့်ရချိန်ကမူ ၎င်း၏ မိသားစု ငွေရေးကြေးရေး အကျပ်အတည်းကို ကူညီပေးခဲ့သည့် ဦးစန္ဒိမာ၏ ဖိတ်ခေါ်မှုဖြင့် ရန်ကုန်မှ နေပြည်တော်သို့ မိသားစုလိုက် ပြောင်းရွှေ့လာခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။

ပရဟိတကျောင်းတွင် ဂျပန်စာ သင်ပေးနေချိန် တစ်နှစ်ခန့်အတွင်း ဦးစန္ဒိမာက လေးကြိမ် လိင်အမြတ်ထုတ်ခဲ့ကြောင်း၊ မလိုက်လျောပါက စာသင်၍ ရမည်မဟုတ်ဟု အကြပ်ကိုင်ခဲ့ကြောင်း တိုင်တန်းသူ အမျိုးသမီးက ထိုစဉ်က ပြောပြဖူးသည်။

အရပ်သား အစိုးရကိုဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းထားသည့် နှစ်နှစ်နီးပါးအတွင်း ပုဗ္ဗသိရိမြို့နယ် တွင် အိမ်ငှားနေထိုင်သည့် တရားလို အမျိုးသမီးမှာ ဦးစန္ဒိမာ၏ အပေါင်းအပါများ နှောင့်ယှက်သဖြင့် အခြား ဒေသသို့ ပြောင်းရွှေ့နေထိုင်နေကြောင်း စုံစမ်းသိရှိရသည်။

ထိုအမျိုးသမီးသည် ယခုအခါ ငွေကြေးနှင့် လုံခြုံရေးအခက်အခဲများကြောင့် တရားရုံးချိန်းများသို့ ရောက်မလာတော့ဘဲ ရှေ့နေအဖွဲ့နှင့်ပင် အဆက်အသွယ်ပြတ်နေသည်မှာ တစ်နှစ်နီးပါး ကြာပြီဟု တရားရုံးဆိုင်ရာ သတင်းရင်းမြစ်ထံမှသိရသည်။

“(ဦးစန္ဒိမာကို ပြန်လွှတ်တဲ့ တရားရုံး) အမိန့်ကိုမကျေနပ်ရင် တရားလိုနဲ့ ဥပဒေအရာရှိက နှစ်လအတွင်းမှာ တိုင်းနဲ့ တရားလွှတ်တော်ချုပ်ထိ အယူခံတက်လို့ရတယ်။ တရားလိုကလည်း ရုံးချိန်းမလာတော့ ဘာဆက်လုပ်မယ်တော့ မသိရသေးဘူး“ဟု တရားရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက ပြောသည်။

credit-မြန်မာနောင်း

သိန္းတစ္ေသာင္းခြဲဆုရွင္ ဘုန္းႀကီး ဦးစႏၵိမာ

သိန္းတစ္ေသာင္းခြဲဆုရွင္ ဘုန္းႀကီးမုဒိ–မ္းမႈ ေထာင္ဒဏ္မွ လပိုင္းျဖင့္ လြတ္လာ

အရပ္သားအစိုးရလက္ထက္တြင္ မုဒိမ္းမႈျဖင့္ လူဝတ္လဲ ဖမ္းဆီးခံရသူ ေနျပည္ေတာ္မွ ဦးစႏၵိမာမွာ စစ္အာဏာရွင္ေခတ္တြင္ ေထာင္ဒဏ္ ၇ ႏွစ္က်ၿပီး လပိုင္းအတြင္း ျပန္လြတ္လာသည္။

ဤဗုဒၶဘာသာဘုန္းေတာ္ႀကီးသည္ ကနဦးတြင္ က်ပ္ေငြသိန္းေပါင္းေသာင္းခ်ီသည့္ ထီဆုႀကီးကို ေပါက္သည္။ မၾကာမီတြင္ သူသည္ သူ႔ေက်ာင္းသို႔ ဝင္ထြက္ျပဳေနေသာ ဒကာမတစ္ဦးကို အဓမၼျပဳက်င့္သည္ဟူေသာ စြပ္စြဲခ်က္ျဖင့္ ေထာင္ ၇ ႏွစ္ ခ်ခံရသည္။သို႔ရာတြင္ သူသည္ ေထာင္ထဲတြင္ ႏွစ္လတာသာေနရၿပီး ေထာင္မွ လြတ္ေျမာက္လာၿပီျဖစ္သည္။

ထိုကဲ့သို႔ ဘဝအခ်ိဳးအဆစ္မ်ား လွ်င္ျမန္စြာေတြ႕ႀကဳံရသည္မွာ ေနျပည္ေတာ္ ပုဗၺသီရိၿမိဳ႕နယ္ရွိ ေအးေမတၱာစံ ပရဟိတ ေတာင္နီေလးေက်ာင္းထိုင္ ဘုန္းေတာ္ႀကီး ဦးစႏၵိမာျဖစ္သည္။

ဗုဒၶဘာသာဘုန္းေတာ္ႀကီးတို႔မည္သည္ ေငြေၾကးႏွင့္ ပစၥည္းလာဘ္လာဘမ်ားကို ေရွာင္ပယ္ကာ အလိုေလာဘမ်ားကို ေလ်ာ့ပါးသထက္ေလ်ာ့ပါးေအာင္ က်င့္ႀကံရမည္ဟူ၍ ေယ်ဘုယ် ယူဆခ်က္ရွိသည္။ သို႔ရာတြင္ ေအးေမတၱာစံ ပရဟိတ ေတာင္နီေလးေက်ာင္းထိုင္ဘုန္းႀကီးျဖစ္သူ ဦးစႏၵိမာမွာမူ သူရရွိသည့္ အလႈခံေငြမ်ားကိုသုံးကာ ေအာင္ဘာလီထီပုံမွန္ထိုးၿပီး သူေဌးျဖစ္ရန္ စိတ္ကူးယဥ္ခဲ့သူျဖစ္သည္။

သူစိတ္ကူးယဥ္ခဲ့သည့္အတိုင္း လြန္ခဲ့သည့္သုံးႏွစ္ ၂၀၁၉ ခုႏွစ္က ျမန္မာႏိုင္ငံအစိုးရ ပထမဆုံးဖြင့္လွစ္သည့္ က်ပ္သိန္းတစ္ေသာင္းခြဲတန္ထီဆုႀကီးကို သူကံထူးခဲ့သည္။ သို႔ေသာ္ ထီေပါက္ၿပီး တစ္ႏွစ္ေက်ာ္အၾကာတြင္ မုဒိန္းမႈျဖင့္ ဖမ္းဆီးခံခဲ့ရသည္။

ေအးေမတၱာစံ ပရဟိတ ေက်ာင္းရွိ တိုင္းရင္းသား အမ်ိဳးသား၊ အမ်ိဳးသမီးငယ္မ်ားကို ဂ်ပန္စာသင္ေပး ေနသည့္ အသက္ ၃၃ႏွစ္ ေက်ာ္ သားသည္မိခင္တစ္ဦးက ဦးစႏၵိမာကို ပုဒ္မ၃၇၆ျဖင့္ အရပ္သား အစိုးရ လက္ထက္ ၂၀၂၀၊ ဒီဇင္ဘာလကုန္တြင္ ဗုဗၺသီရိၿမိဳ႕နယ္ ထုံးဘို ရဲစခန္း၌ အမႈဖြင့္သည္။ထိုအမႈကို ပုဒ္မ၃၇၆ျဖင့္ ပုဗၺသီရိၿမိဳ႕နယ္ တရား႐ုံးက ႏွစ္ႏွစ္နီးပါး စစ္ေဆးခဲ့ၿပီး စက္တင္ဘာလ အတြင္းတြင္ ေထာင္ဒဏ္သတ္မွတ္ခဲ့ေသာ္လည္း အာဏာသိမ္းစစ္ဌာနခ်ဳပ္႐ုံးစိုက္ရာ ေဇယ်ာသီရိခ႐ိုင္ တရား႐ုံးက ယခုႏွစ္ ႏိုဝင္ဘာ ၂၅ရက္တြင္ အျပစ္မွ လႊတ္ေပးသည္။

ေနျပည္ေတာ္ႏွင့္ မိုင္ ၆၀ ဝန္းက်င္ ေဝးသည့္ မႏၲေလးတိုင္း ရမည္းသင္းၿမိဳ႕ အက်ဥ္းေထာင္မွ ျပန္လြတ္ လာသည့္ ဦးစႏၵိမာ က်န္းမာေရးေကာင္းသည္ဟု ၎၏ ေရွ႕ေန ဦးစိုးသူရလႈိင္က ေျပာသည္။ ဦးစႏၵိမာ ယခု မည္သည့္ ေနရာတြင္ရွိေနသည္ကိုမူ ဦးစိုးသူရလႈိင္က ထုတ္ေဖာ္ေျပာဆိုျခင္းမျပဳေပ။

“အယူခံတက္လိုက္တဲ့အခါမွာ ေအာက္႐ုံး (ၿမိဳ႕နယ္႐ုံး) အမိန႔္ကို ပယ္ဖ်က္ၿပီးေတာ့ အၿပီးသတ္ လြတ္သြားတာဗ်”ဟု ၎က ေျပာသည္။ ေဇယ်ာသီရိခ႐ိုင္ တရားသူႀကီးမွာ ဦးမ်ိဳးေက်ာ္ေအာင္ ျဖစ္ေၾကာင္း စုံစမ္းသိရွိရသည္။

ဦးစႏၵိမာ မုဒိမ္းမႈျဖင့္ အမႈဖြင့္မခံရမီ တစ္ရက္အလို ၂၀၂၀ ဒီဇင္ဘာ ၃၀ တြင္ ေအးေမတၱာစံလူငယ္ဖြံ႕ၿဖိဳးေရးပရဟိတေဂဟာသို႔ Myanmar Now က ေရာက္ရွိေလ့လာဖူးသည္။ ေက်ာင္းအဝင္ဝ လူျမင္သာသည့္ သစ္ပင္တစ္ပင္တြင္ သတိေပးစာ တစ္ခုကပ္ထားၿပီး ဧည့္သည္မ်ား ေက်ာင္းသို႔လာလွ်င္ မေဝဖန္ရန္၊ မကဲ့ရဲ႕ရန္၊ ေငြမေခ်းရန္ ေရးထားသည္။

ဓမၼာ႐ုံႀကီးတစ္ခုထဲတြင္ အေနာက္တိုင္း ဒစ္စကိုေတးသြားအတိုင္း အကေလ့က်င့္ေနသည့္ အမ်ိဳးသမီး ငယ္ ၃၀ ထက္မနည္းကို ေတြ႕ရၿပီး ထိုအဖြဲ႕ကို ဦးစႏၵိမာ၏ ေက်ာင္းမွ အသက္ ၃၀ ဝန္းက်င္အ႐ြယ္ရွိ ဘုန္းႀကီးတစ္ပါး ႀကီးၾကပ္ေနသည္ကို ေတြ႕ရသည္။

၎၏ ပရဟိတေဂဟာတြင္ ရွမ္း၊ ကယား၊ ကခ်င္၊ ခ်င္း၊ ကရင္ျပည္နယ္မ်ားမွ တိုင္းရင္းသား အမ်ိဳးသား၊ အမ်ိဳးသမီး လူငယ္ ၂၅၀ ခန႔္ရွိေၾကာင္း၊ ၂ ႏွစ္ေက်ာ္အ႐ြယ္မွစ၍ တကၠသိုလ္တြင္ ဂုဏ္ထူးတန္းတက္ေနသည့္အ႐ြယ္အထိ ရွိေၾကာင္း၊ ေက်ာင္းကို မည္ကဲ့သို႔ စည္းကမ္းတင္းက်ပ္စြာ အုပ္ခ်ဳပ္ေၾကာင္း ဦးစႏၵိမာက ထိုစဥ္က ေျပာျပဖူးသည္။ ဘုန္းႀကီးေက်ာင္းဝင္းအတြင္း အမ်ိဳးသမီးငယ္ မ်ား ႏိုင္ငံျခားအက ေလ့က်င့္ေနသည့္ ကိစၥႏွင့္ ပတ္သက္၍မူ ၎ထံမွ မွတ္ခ်က္ရရွိျခင္းမရွိေပ။

“ဓမၼာ႐ုံရဲ႕ ေတာင္ဘက္မွာ ေက်ာင္းသားေယာက္်ားေလးေတြ ထားတယ္။ ေျမာက္ဘက္အျခမ္းမွာ ေက်ာင္းသူမိန္းကေလးေတြ ထားပါတယ္။ ကိစၥဝိစၥ မရွိဘဲနဲ႔ ေယာက္်ားေလးေတြဆိုရင္ ဓမၼာ႐ုံရဲ႕ေျမာက္ဘက္ကို မလာရဘူး။ မိန္းကေလးေတြလည္း ဓမၼာ႐ုံရဲ႕ ေတာင္ဘက္ကို ကိစၥဝိစၥမရွိဘဲ မလာရဘူး။ အဲဒီေတာ့ စည္းကမ္းႀကီးတယ္ဆိုတာလည္း ကိုယ့္အတြက္ မဟုတ္ပါဘူး။ သူတို႔အတြက္ပါ” ဟု ဦးစႏၵိမာက ဆိုခဲ့သည္။

၂၀၀၉-၂၀၁၀ ပညာသင္ႏွစ္တြင္ စတင္ထူေထာင္ခဲ့သည့္ ဦးစႏၵိမာ၏ ေအးေမတၱာစံ လူငယ္ဖြံ႕ၿဖိဳးေရး ပရဟိတေဂဟာသည္ လူမႈဝန္ထမ္းဦးစီးဌာန အသိအမွတ္ျပဳ ဒုတိယအဆင့္ရရွိထားသည့္ေက်ာင္းျဖစ္ၿပီး မုဒိန္းမႈျဖင့္ အမႈဖြင့္ခံရသည့္ ၂၀၂၀ ႏွစ္ကုန္ပိုင္းမွစ၍ ေက်ာင္း၏ အေျခအေနကို အရပ္သားအစိုးရက စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့သည္။ ၂၀၂၁ ေဖေဖာ္ဝါရီ ၁ရက္ စစ္တပ္ အာဏာသိမ္းၿပီးေနာက္ ထိုပရဟိတေဂဟာအား မည္သို႔ဆက္လက္လည္ပတ္ေနသည္ကို ရွင္းလင္းစြာမသိရေတာ့ေပ။

ဦးစႏၵိမာမွာ အသက္ ၅၀ ခန႔္၊ ဘုန္းႀကီးအျဖစ္ ၂၇ ဝါထက္မနည္းရွိၿပီဟု ၎၏ ဒကာရင္းတစ္ဦးက ၂၀၂၀ ႏွစ္ကုန္ပိုင္းတြင္ ေျပာျပခဲ့သည္။ ဦးစႏၵိမာသည္ ေနျပည္ေတာ္ရွိ အာဏာပိုင္ အသိုင္းအဝိုင္းႏွင့္ နီးစပ္သူ ျဖစ္ၿပီး အာမခံမရသည့္ ပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ခံရၿပီးေနာက္ ရဲတပ္ဖြဲ႕က လူဝတ္လဲ ဖမ္းဆီးႏိုင္ရန္ အခ်ိန္ ယူႀကိဳးပမ္းခဲ့ရသည္။

၂၀၂၂၊ ႏိုဝင္ဘာ ရမည္းသင္းအက်ဥ္းေထာင္မွ ျပန္လြတ္ၿပီးေနာက္တြင္ ေအးေမတၱာစံ ပရဟိတ ေတာင္နီေလးေက်ာင္းသို႔ ဦးစႏၵိမာ ျပန္လည္ေနထိုင္ျခင္းရွိမရွိ စုံစမ္းေနဆဲျဖစ္သည္။ အက်ဥ္းေထာင္ႏွင့္ နီးစပ္သည့္ သတင္းရင္းျမစ္ တစ္ဦး၏ အဆိုအရ ဦးစႏၵိမာမွာ ရမည္းသင္းၿမိဳ႕၌ပင္ ရွိေနေသးေၾကာင္း သိရသည္။ သီးျခားအတည္ျပဳႏိုင္ျခင္းမရွိေသးေပ။

ဦးစႏၵိမာ အျပစ္မွလြတ္လာသည့္ အေပၚ တရားလို အမ်ိဳးသမီး၏ သေဘာထား မသိရေသးေပ။ တိုင္တန္းသူ အမ်ိဳးသမီးႏွင့္ ၂၀၂၁ ဇန္နဝါရီတြင္ Myanmar Now ကေတြ႕ဆုံခြင့္ရခ်ိန္ကမူ ၎၏ မိသားစု ေငြေရးေၾကးေရး အက်ပ္အတည္းကို ကူညီေပးခဲ့သည့္ ဦးစႏၵိမာ၏ ဖိတ္ေခၚမႈျဖင့္ ရန္ကုန္မွ ေနျပည္ေတာ္သို႔ မိသားစုလိုက္ ေျပာင္းေ႐ႊ႕လာျခင္းျဖစ္ေၾကာင္း ေျပာျပခဲ့သည္။

ပရဟိတေက်ာင္းတြင္ ဂ်ပန္စာ သင္ေပးေနခ်ိန္ တစ္ႏွစ္ခန႔္အတြင္း ဦးစႏၵိမာက ေလးႀကိမ္ လိင္အျမတ္ထုတ္ခဲ့ေၾကာင္း၊ မလိုက္ေလ်ာပါက စာသင္၍ ရမည္မဟုတ္ဟု အၾကပ္ကိုင္ခဲ့ေၾကာင္း တိုင္တန္းသူ အမ်ိဳးသမီးက ထိုစဥ္က ေျပာျပဖူးသည္။

အရပ္သား အစိုးရကိုျဖဳတ္ခ်ကာ စစ္တပ္က အာဏာသိမ္းထားသည့္ ႏွစ္ႏွစ္နီးပါးအတြင္း ပုဗၺသိရိၿမိဳ႕နယ္ တြင္ အိမ္ငွားေနထိုင္သည့္ တရားလို အမ်ိဳးသမီးမွာ ဦးစႏၵိမာ၏ အေပါင္းအပါမ်ား ေႏွာင့္ယွက္သျဖင့္ အျခား ေဒသသို႔ ေျပာင္းေ႐ႊ႕ေနထိုင္ေနေၾကာင္း စုံစမ္းသိရွိရသည္။

ထိုအမ်ိဳးသမီးသည္ ယခုအခါ ေငြေၾကးႏွင့္ လုံၿခဳံေရးအခက္အခဲမ်ားေၾကာင့္ တရား႐ုံးခ်ိန္းမ်ားသို႔ ေရာက္မလာေတာ့ဘဲ ေရွ႕ေနအဖြဲ႕ႏွင့္ပင္ အဆက္အသြယ္ျပတ္ေနသည္မွာ တစ္ႏွစ္နီးပါး ၾကာၿပီဟု တရား႐ုံးဆိုင္ရာ သတင္းရင္းျမစ္ထံမွသိရသည္။

“(ဦးစႏၵိမာကို ျပန္လႊတ္တဲ့ တရား႐ုံး) အမိန႔္ကိုမေက်နပ္ရင္ တရားလိုနဲ႔ ဥပေဒအရာရွိက ႏွစ္လအတြင္းမွာ တိုင္းနဲ႔ တရားလႊတ္ေတာ္ခ်ဳပ္ထိ အယူခံတက္လို႔ရတယ္။ တရားလိုကလည္း ႐ုံးခ်ိန္းမလာေတာ့ ဘာဆက္လုပ္မယ္ေတာ့ မသိရေသးဘူး“ဟု တရားေရးဆိုင္ရာ ကြၽမ္းက်င္သူ တစ္ဦးက ေျပာသည္။

credit-ျမန္မာေနာင္း

Leave a Reply

Your email address will not be published. Required fields are marked *